Connect with us

Social

အောင်ဘာလေ သိန်းဆု ထီကံစမ်းသူများ လစဉ် ထီတိုက်ကြရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ နှိုးဆော်

ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ထီဖွင့်ပွဲ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

အောင်ဘာလေ ထီလက်မှတ်များကို ဝယ်ယူ ကံစမ်းကြသူ မိဘပြည်သူများ အနေဖြင့် မိမိတို့၏ ထီလက်မှတ် များကို ထီပေါက်စဉ် နှင့် တိုက်ကြည့်ပြီး ထီပေါက်ခြင်း ရှိ/မရှိ ကိုယ်တိုင် စစ်ဆေး ပေးကြပါရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အသိပေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် သတ်မှတ်ရက် အတွင်း လာရောက် ထုတ်ယူခြင်း မရှိသော အောင်ဘာလေ ဆုမဲများကို ပြည်သူ့ဘဏ္ဍာငွေ အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း လစဉ် လဆန်း ၁ ရက်နေ့တိုင်း နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာ၍ အသိပေးလျက် ရှိကြောင်း ၊ သို့ရာတွင် လာရောက် ထုတ်ယူခြင်း မရှိသော ထီဆုမဲများမှာ လစဉ် ကျန်ရှိနေ၍ ပြည်သူ့ဘဏ္ဍာငွေ အဖြစ် သိမ်းယူနေရကြောင်း နှိုးဆော်ချက်တွင် ဖော်ပြထားသည်။

ထီပေါက်စဉ်များကို ပြည်တွင်း အခွန်များ ဦးစီးဌာန၏ Website ဖြစ်သော www.irdmyanmar.gov.mm တွင် လည်းကောင်း ၊ နိုင်ငံပိုင် သတင်းစာများတွင် လည်းကောင်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးလျက် ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အသိပေး နှိုးဆော်ခဲ့သည်။(Xinhua)