Social
မြန်မာ – ထိုင်း အပြန်အလှန် ဗီဇာရက်ပေါင်း ၉ဝ ရရှိရန် ဆောင်ရွက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
မြန်မာ – ထိုင်း အပြန်အလှန် ဗီဇာရရှိရေးကို ထိုင်းနိုင်ငံ အစိုးရက ကမ်းလှမ်းထားပြီး ဖြစ်သောကြောင့် ယင်းကဲ့သို့ နှစ်နိုင်ငံအပြန်အလှန် ဗီဇာရက်ပေါင်း ၉ဝ ရရှိရန် နိုင်ငံတော် အဆင့်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး လာစေရေး ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်း အာဏာပိုင် အဖွဲ့နှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း လုပ်ဆောင်သွားရန် စီစဉ်ခြင်းများလည်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)