Connect with us

Social

မြန်မာလုပ်သား ၁၉၄ဦး ကော့သောင်းနယ်စပ်ဂိတ်သို့ တတိယအသုတ်အဖြစ် ပြန်လည်ဝင်ရောက်

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများအား စစ်ဆေးနေစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသို့ အထောက်အထားမရှိရောက်ရှိနေသော မြန်မာလုပ်သား ၁၉၄ ဦးသည် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

တတိယအသုတ်အဖြစ် ပြန်ရောက်လာသော မြန်မာအလုပ်သမားများအား ကော့သောင်းမြို့မဆိပ်ကမ်းတံတားမှ တာဝန်ရှိသူများကြိုဆိုကြသည်။

ယနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားဦးရေ ၄၀၀ ကျော်ရှိပြီး ၎င်းတို့အတွက်မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့သို့

ပြေးဆွဲပေးနေသည့် ကော့သောင်းမြို့ရှိ မော်တော်ယာဉ်လိုင်းများမှတစ်ဆင့် ခရီးစဉ်အလိုက် မော်တော်ယာဉ်စီးနင်းခနှုန်းထားများကို မူလဈေးနှုန်းထက် ထက်ဝက်လျှော့ပေါ့ကူညီပို့ဆောင်ပေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.