Social
ရှေးဟောင်း ဂန္ထဝင် ကားပြပွဲကို ဒုတိယအကြိမ်ကျင်းပမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ကားချစ်သူများ စုစည်းထားသည့် ရှေးဟောင်း ဂန္ထဝင် ကားပြပွဲကို ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြသ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းကား ချစ်သူများ ကလပ်မှ သိရသည်။
ယခုနှစ်ပြပွဲတွင် စုစုပေါင်း ကားအစီးရေ ၃ဝ ကျော် ပါဝင်ပြသမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကားချစ်သူများ စုစည်းထားသည့် ကားများထဲတွင် ရှားပါးစာရင်းဝင် ကားများအဖြစ် သတ်မှတ်ထားသည့် ဒေါ့ဂျစ်၊ ချက်ကာ မာရသွန်၊ ဗဲလန့်၊ ဗီလား၊ အန်ပလာ နှင့် ကယ်ဒီလက်စ် ဒီဗီလာ စသည့်ကားများ ပါဝင်ကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ် မတ်လက မြန်မာနိုင်ငံ ရှေးဟောင်း ကားချစ်သူများ ကလပ်က ဦးဆောင်ပြီး ရန်ကုန်မြို့၌ ရှားပါးတန်ဖိုးကြီး ကားအစီးရေ ၂ဝ ကျော်ကို ပြသခဲ့ကြောင်း သိရသည်။ ယခု ကျင်းပမည့် ဒုတိယ
အကြိမ်မြောက် ကားပြပွဲတွင် ရှေးဟောင်း ကားများအပြင် ရှေးဟောင်း ပစ္စည်းများနှင့် ပတ်သက်၍ စုဆောင်းထားရှိ သူများလည်း လာရောက်ပြသ နိုင်ပြီး ဝါသနာရှင် အချင်းချင်း လဲလှယ်ရောင်းချ နိုင်ကြောင်း သိရသည်။ (Xinhua)