Connect with us

Sport

ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ဘောလုံးပြိုင်ပွဲ တွင် ရန်ကုန်အကယ်ဒမီယူ ၁၃ဘောလုံးအသင်း ဆီမီးဖိုင်နယ်သို့တက်ရောက်

ရန်ကုန်အကယ်ဒမီယူ ၁၃ဘောလုံးအသင်းယှဉ်ပြိုင်နေစဉ် (ဓါတ်ပုံ-မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲတွင် ရန်ကုန်အကယ်ဒမီယူ ၁၃ဘောလုံးအသင်းသည် အိမ်ရှင် အယုဒ္ဓယယူနိုက်တက်နှင့် ဘီးယားလာအိုအသင်းတို့ကို ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ Ayutthaya Asian Youth Football Festival 2018 အားကျင်းပလျက်ရှိသည်။

ရန်ကုန်ဘောလုံးအကယ်ဒမီ လက်ရွေးစင် ယူ-၁၃ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ် တွင် အိမ်ရှင် အယုဒ္ဓယအက်ဖ်စီအသင်းကို ဝ-၄ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အကယ်ဒမီအတွက် အနိုင်ဂိုးများကို ဖြိုးသီဟအောင်၊ သက်ပိုင်ကျော်၊ ကောင်းသန့်နှင့် စနေတိုးတို့က အသီးသီးသွင်းယူခဲ့ခြင်းဖြစ်သည်။

ထို့နောက် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဘီးယားလာအိုအသင်းနှင့်ပွဲစဉ်တွင် ရန်ကုန်အကယ်ဒမီက ၉-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့သည်။ ရန်ကုန်အကယ်ဒမီအတွက် ဂိုးများကို ဇွဲမာန်သာ (၃)ဂိုး၊ ဖြိုးသီဟအောင်(၃)ဂိုးနှင့် ဟွမ်ဟုန်မောင်၊ ဂျွန်စော၊ ဇော်မင်းဦးတို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ၂ ပွဲကစား ၂ ပွဲနိုင်၊ အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။ရန်ကုန်အကယ်ဒမီ ယူ-၁၃ အသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင်လ ၁၅ ရက် တွင် အုပ်စု(ခ)မှ အုပ်စုဒုတိယအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.