Connect with us

Sport

မြန်မာ့ လက်ရွေးစင် အသင်း ပဏာမ ကစားသမား ၂၄ ဦး ရွေးချယ် ၊ မလေးရှား အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ကစားမည်

နိုင်ငံတကာခြေစမ်းပွဲတစ်ခု ကစားနေသည့် မြန်မာလက်ရွေးစင်ကစားသမားများကို တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလား (အာဆီယံ ချန်ပီယံရှစ်) ပြိုင်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အမျိုးသား အသင်း၏ ပဏာမ ကစားသမား ၂၄ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် မလေးရှား လက်ရွေးစင် အသင်း နှင့် မေလ ၂၈ ရက်တွင် ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

မြန်မာလက်ရွေးစင် အသင်းသည် ပဏာမ ကစားသမား ၂၄ ဦးသည် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ စခန်းဝင် လေ့ကျင့်ရမည် ဖြစ်ပြီး ပဏာမကစားသမားများမှာ ဂိုး– ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ရန်အောင်လင်း (ရတနာပုံ) ၊ နောက်တန်း- ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်း၊ သီဟထက်အောင် (ရန်ကုန်)၊ အောင်ဇော် (ဟံသာဝတီ) ၊ ဟိန်းသီဟဇော် (ရှမ်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ) ၊ အလယ်တန်း- လှိုင်းဘိုဘို၊ ရဲကိုဦး၊အောင်သူ၊မျိုးကိုထွန်း (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ သီဟဇော် (ဧရာဝတီ)၊မောင်မောင်လွင် (ဟံသာဝတီ)၊ ရန်နိုင်ဦး (ရှမ်း) ၊ ရှေ့တန်း -ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဆမ်လန်မန် (ချင်း)၊ ဝင်းနိုင်စိုး (ရတနာပုံ) တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၆ ဆူဇူကီး ဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အောင်မြင်မှု ရရှိရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် ပြည်ပ လက်ရွေးစင် အသင်းများကို ဖိတ်ခေါ် ခြေစမ်းပွဲများ စီစဉ်ခြင်း ၊ ၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ပြုလုပ်ခြင်း ၊ ကမ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံများသို့မြန်မာအသင်းအား သွားရောက် လေ့ကျင့်ခြင်း တို့ကို ပြုလုပ်သွားမည် ဖြစ်ပြီး ဖိတ်ခေါ်ဖလားပြိုင်ပွဲအား ဇွန်လအတွင်း ပြုလုပ်ရန် စီစဉ်လျက်ရှိရာ ယင်းမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် မလေးရှား လက်ရွေးစင် အသင်း နှင့် ခြေစမ်းပွဲ ကစားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.