Connect with us

Sport

အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် ဘောလုံးပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်အသင်းအား တွေ့ရစဉ် (ဓါတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ရက် (ဆင်ဟွာ)

၂၀၁၆ခုနှစ်တွင် အောက်ပါ ဘောလုံးပြိုင်ပွဲများကို အာဆီယံဘောလုံးအဖွဲ့ချုပ်မှ ဦးစီးကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၎င်းပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အာဆီယံ အမျိုးသမီးဘောလုံးချန်ပီယံရှစ် (AFF Women’s Championship) ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၆ ဇူလိုင် ၂၄ မှ သြဂုတ် ၅ ရက်နေ့ထိ မန္တလေးမြို့တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာဆီယံ အသက် (၁၆)နှစ်အောက် ဘောလုံးချန်ပီယံရှစ် (AFF U16 Championship) ကို ၂၀၁၆ ဇူလိုင်နှင့် သြဂုတ်လများတွင် မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

သဲသောင်ပြင်ဘောလုံးချန်ပီယံရှစ် ( AFF Beach Soccer Championship) ပြိုင်ပွဲကို ဗီယက်နမ်မြို့တွင် ၂၀၁၆ခုနှစ် သြဂုတ်လများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ( AFF Futsal Championship)သို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်နိုင်ငံနှင့် ပြိုင်ပွဲအချက်အလက်များကို သိရှိပါက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.