Sport
ဆီးဂိမ်းအတွက် မြန်မာအားကစားသမားများ ကြိုတင် ပြင်ဆင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
၂ဝ၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ ၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းတွင် မြန်မာ အားကစားသမားများ အောင်မြင်မှု ရရှိရန် အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အားကစား သမားများ အနေဖြင့် ကြိုတင် စခန်းသွင်း လေ့ကျင့်လျက် ရှိကြောင်း အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။
အားကစား နည်းအလိုက် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အားကစား လေ့ကျင့်ရေး စခန်းများတွင် အားကစား သမားများအား စခန်းသွင်း လေ့ကျင့်လျက် ရှိကြောင်း သိရသည်။
အားကစား ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန်နှင့် အဖွဲ့များသည် လေ့ကျင့်လျက် ရှိသော အားကစား သမားများအား ဒီဇင်ဘာလ ၂၉ ရက် က ကြည့်ရှု စစ်ဆေးပြီး နည်းပြ၊ အုပ်ချုပ်သူနှင့် တာဝန်ခံများအား (၂၉) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ်များ ရရှိအောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။ (Xinhua)