Connect with us

Sport

ပွဲတိုင်း အောင်နိုင်ရေး ရေကုန်ရေခန်း ကြိုးပမ်းဖို့ ဒု-သမ္မတ တိုက်တွန်း

အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားသို့  ဒုတိယ သမ္မတ ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး အကြိမ် လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (၂၀၁၈ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ)အတွက် ပြိုင်ပွဲတိုင်း အောင်နိုင်ရေး ရေကုန်ရေခန်း ကြိုးပမ်း ယှဉ်ပြိုင်ကြရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ နံနက် တိုက်တွန်း ပြောကြားခဲ့သည်။

“အားကစား အောင်မြင်မှုဖြင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် အခုလို နိုင်ငံတကာ အားကစားပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရခြင်းဟာ ထူးခြားတဲ့ ဂုဏ်ဒြပ်နဲ့ အခွင့်အလမ်း ဖြစ်တာကို အုပ်ချုပ်သူ – နည်းပြနဲ့အားကစားသမားအားလုံးက သတိချပ်စေလိုပါတယ်၊ ဒီနေ့ အပ်နှင်းလိုက်တဲ့ မြန်မာနိုင်ငံတော် အလံက ဂုဏ်ဒြပ်ရော အမျိုးသားရေး တာဝန်ကိုပါ ကိုယ်စား ပြုနေတယ်ဆိုတဲ့ ခံယူချက်နဲ့ ပြိုင်ပွဲတိုင်းမှာ နိုင်ငံတော်ရဲ့ အောင်လံ တလူလူ လွင့်ပျံနေရ အောင် ရေကုန် ရေခန်း အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဘီရုံ၌ ယနေ့ နံနက်ပိုင်း ပြုလုပ်ခဲ့သော (၁၉) ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် အောင်နိုင်ရေး အလံ အပ်နှင်းခြင်း အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

တက်ရောက်လာသော အားကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)

ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဒုတိယ သမ္မတက ပညာရေးဝန်ကြီးအား နိုင်ငံတော် အလံ အပ်နှင်းစဉ် (ဆင်ဟွာ)

ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အားကစားပြိုင်ပွဲကျင်းပရေးအတွက် လုပ်ငန်းရှင်များက လှူဒါန်းငွေ ပေးအပ်ကြစဉ် (ဆင်ဟွာ)

ဒုတိယ သမ္မတက မြန်မာ အားကစား အဖွဲ့များအား လိုက်လံ နှုတ်ဆက်စဉ်(ဆင်ဟွာ)

ထို့အပြင် နိုင်ငံတကာ အားကစား ပြိုင်ပွဲများသည် အမိမြန်မာနိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသောကြောင့် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မြန်မာ အားကစား အဖွဲ့ဝင် အားလုံး၏ ပခုံးထက်တွင် ရှိနေသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ အားကစား အဖွဲ့ဝင် အားလုံးက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး အစွမ်းကုန် ကြိုးပမ်း ကြဖို့ ထပ်မံ တိုက်တွန်းပါကြောင်းလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို အာဆီယံနိုင်ငံများအကြား အပြန်အလှန် နားလည် ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးအတွက် ကျင်းပကြခြင်း ဖြစ်ပြီး ယခု မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပရာတွင် “Youth and Friendship, လူငယ်နှင့် ချစ်ကြည်ရေး” ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပခြင်း ဖြစ်ကြောင်း၊ အားကစားနည်း ၁၇ မျိုးကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ အုပ်ချုပ်- နည်းပြ ၁၀၄ ဦး ၊ အားကစားသမား ၃၅၄ ဦး စုစုပေါင်း ၄၅၈ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Highlights

(more…)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.