Sport
အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင်ဘောလုံးအသင်းတို့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ယှဉ်ပြိုင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ဘောလုံးအသင်း တို့သည် နိုဝင်ဘာလ (၁၄) ရက် ဒေသစံတော်ချိန် ည (၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့ ရှိအားကစားကွင်း တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက်တွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်းမှ စပြီး လေ့ကျင့်ရေးအစီအစဉ်များကို စတင်ပြုလုပ်နေကြာင်း သိရသည်။ (Xinhua)