Sport
၂၀၂၀ အမျိုးသမီး အိုလံပစ် ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မန္တလေးမြို့တွင် စခန်းသွင်းလေ့ကျင့်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
၂၀၂၀ အမျိုးသမီး အိုလံပစ် ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ယနေ့ မန္တလေးမြို့တွင် စခန်းသွင်းလေ့ကျင့်ရန်အတွက် ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
အဆိုပါ စခန်းသွင်းလေ့ကျင့်မှုသည် အောက်တိုဘာလ ၁၈ရက်မှ ၂၈ ရက်အထိ (၁၀) ရက်ကြာမြင့်မည်ဖြစ်ပြီး မန္တလေးမြို့ခံ အမျိုးသားဘောလုံးအသင်းများနှင့် ခြေစမ်းပွဲ (၅)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)