ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ပြည်ထောင်စုလမ်းမကြီး မိုင်းရယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ္မတုံး ကျေးရွာအနီးတွင် တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၃ရက်(ဆင်ဟွာ) ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်ကာ တရုတ်နိုင်ငံအလယ်ပိုင်း Danjiankou ရေလှောင်ကန်မှ ရေကုဗမီတာပေါင်း ၅.၂ ဘီလီယံကျော်ကို တောင်မှမြောက်သို့ ရေပေးဝေဖြန့်ဖြူးမှု ပြုလုပ်ခဲ့ရာ ပေကျင်းမြို့နေပြည်သူ ၁၂ သန်းကျော်အတွက် အကျိုးပြုပေးခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဓာတုကုမ္ပဏီကြီးဖြစ်သော DuPont က ထိရောက်ပြီး ကုန်ကျစရိတ်နည်းပါးသော ဆားငန်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်နည်းစနစ်ကို တီထွင်သည့် အစ္စရေးကုမ္ပဏီ Desalitech ကို ဝယ်ယူလိုက်ကြောင်း နှစ်ဘက်ကုမ္ပဏီက ဒီဇင်ဘာ ၁၁ ရက်က ကြေညာလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ၆ဘီးယာဉ် နှင့် ဟီးနိုး အမျိုးအစား၁၂ဘီးဝါစိမ်းရောင်ယာဉ် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြု ချက်မရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံများကို စစ်ဆေး အရေးယူလျက်ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီမှ သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီမှစတင်ကာ လမ်းဘေးခွေးက အနံ့ခံခွေးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ရှန်ဟိုင်း အကောက်ခွန် အာဏာပိုင်များက ပြောခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံး၊ ပင်လောင်း၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၆၆ဒသမ၅ ဧက ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
နယူးယောက် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံရောက် တရုတ်လူမျိုး အဖွဲ့အစည်း တစ်ချို့၏ ခေါင်းဆောင်များက အမေရိကန် အောက် လွှတ်တော်က အတည်ပြုခဲ့သော ရှင်းကျန်းဒေသ နှင့် ဆက်စပ်သော ဉပဒေကြမ်းအား အပြင်းအထန် ရှုံချခဲ့ကာ အခိုင်အမာ ဆန့်ကျင် ကြောင်း ပြောကြားခဲ့ကြသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုက မကြာသေးမီက လွှတ်တင်ခဲ့သော ကမ္ဘာမြေ စူးစမ်းလေ့လာရေးဂြိုဟ်တု Gaofen-7 မှ အချက်အလက်ကို အခြေခံထားသည့် ပထမအသုတ် 3D ရုပ်ပုံကို ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဆန်တီရာဂို၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဒီဇင်ဘာ ၉ ရက်က ပျောက်ဆုံးသွားသည့် ချီလီလေတပ်လေယာဉ် C-130 ဟုယူဆသည့် လေယာဉ်အပိုင်းအစများကို ရှာဖွေကယ်ဆယ်ရေးသမားများက ပင်လယ်ပြင်တွင် တွေ့ရှိရသည်ဟု ချီလီနိုင်ငံ လေတပ်နှင့် ဘရာဇီးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။