Connect with us

Africa & Middle East

အီရန်စစ်တပ်က ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သည့် စမတ်ဒုံးကျည် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

အီရန်နိုင်ငံ တီဟီရန်မြို့တော်တွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၇ ရက်က အီရန်-အီရတ် စစ်ပွဲ နှစ် ၄၀ ပြည့်အခမ်းအနား (၁၉၈၀-၈၈) အထိမ်းအမှတ် ကာကွယ်ရေးရက်သတ္တပတ် အသိပေး လှုံ့ဆော်မှု ဆိုင်းဘုတ် နှင့်အတူ ဒုံးကျည်တစ်စင်းအား ခင်းကျင်းပြသထားစဉ်(ဆင်ဟွာ)

တီဟီရန်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ စစ်တပ်က အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်သည့် စမတ်ဒုံးကျည်သစ် တစ်မျိုးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့မှူးကြီး Kiomars Heidari က ဆိုသည်။

မြေပြင်တပ်ဖွဲ့ ဒုံးကျည်ဌာနစိပ်များမှ အလွန်တိကျပြီး စွမ်းအားကြီးမားသော တာလတ်ပစ်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မှူးကြီး Heidari ၏ ပြောကြားချက်ကို ကိုးကား၍ Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ရာသီဥတုအခြေအနေအမျိုးမျိုးတွင် အလိုအလျှောက်စနစ်ဖြင့် ပစ်ခတ်နိုင်ကြောင်း နှင့် ယင်းသည် ပစ်မှတ်များအား တိကျသေချာစွာ ထိမှန်နိုင်စွမ်းရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)
—————————-
(English Version)
Iran’s army tests smart missile with 300 km range: commander
TEHRAN, Feb. 14 (Xinhua) — Iran’s army on Sunday tested a new smart missile with a range of 300 km, the Iranian Army Ground Force Commander Kiomars Heidari said.
The missile units of the ground force tested the new mid-range missile to evaluate its accuracy and power, Heidari was quoted as saying by Tasnim news agency.
The missile can be fired in various weather conditions by automated systems, and it can hit targets with pinpoint accuracy, he said.
Iranians ride past a missile on display for the Defense Week in Tehran, Iran, on Sept. 27, 2020, to mark the 40th anniversary of the Iraq-Iran war (1980-1988). (Xinhua/Ahmad Halabisaz)