Connect with us

WORLD

မလေးရှားနိုင်ငံတွင် COVID-19 လူနာသစ် ၃,၄၉၉ ဦး နှင့် ထပ်မံသေဆုံးသူ ၅ ဦးရှိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမွှာမျှော်စင်ရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူး နေကြသည့် ကလေးငယ်နှစ်ဦးအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
မလေးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုအသစ် ၃,၄၉၉ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝှမ်း စုစုပေါင်း အတည်ပြုလူနာ ၂၆၁,၈၀၅ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူချုပ် Noor Hisham Abdullah က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားရာတွင် ပြည်ပကူးစက်မှုအသစ် ၁ ဦး နှင့် ပြည်တွင်း ကူးစက်မှုအသစ် ၃,၄၉၈ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅ ဦးရှိခဲ့ရာ သေဆုံးသူစုစုပေါင်း ၉၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နောက်ထပ် ရောဂါသက်သာပျောက်ကင်းသွားသူ ၃,၅၁၅ ဦး ရှိခဲ့ရာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၀၉,၂၈၉ ဦး သို့မဟုတ် ရောဂါဖြစ်ပွားမှုအားလုံး၏ ၇၉.၉ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်ရောဂါဖြစ်ပွားဆဲ လူနာပေါင်း ၅၁,၅၅၈ ဦး ရှိပြီး ယင်းတို့အနက် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသူ ၂၆၃ ဦး နှင့် အသက်ရှူစက်အကူအညီဖြင့် ဆေးကုသမှုခံယူနေရသူ ၁၁၈ ဦး အသီးသီးရှိကြောင်း သိရသည်။  (Xinhua)
—————————-
(English Version)
Malaysia reports 3,499 new COVID-19 cases, 5 new deaths
KUALA LUMPUR, Feb. 13 (Xinhua) — Malaysia reported 3,499 new COVID-19 infections, bringing the national total to 261,805, the health ministry said on Saturday.
Health Ministry Director-General Noor Hisham Abdullah said in a press statement that one of the new cases is imported and 3,498 are local transmissions.
Another five deaths have been reported, pushing the death toll to 958.
Another 3,515 patients have been released after recovery, bringing the total cured and discharged to 209,289 or 79.9 percent of all cases.
Of the remaining 51,558 active cases, 263 are being held in intensive care units and 118 of those are in need of assisted breathing. Enditem

hildren wearing face masks pose for photos in front of the Petronas Twin Towers in Kuala Lumpur, Malaysia, Oct. 3, 2020.