ဂျကာတာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အရှေ့ဂျာဗားပြည်နယ်တွင် ဧပြီ ၁၀ ရက်အစောပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၈ ဦးထိရှိလာပြီး အခြား ၃၉ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမခံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၁၁ ရက်တွင်...
နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၁၀,၇၃၂ ဦးထိ မြင့်တက်လာခြင်းကြောင့် စတုတ္ထလှိုင်း ကြုံတွေ့နေရကြောင်း ၊ ယခင်လတွင် နေ့စဉ် အတည်ပြုလူနာ အရေအတွက်မှဦ ၂၀၀ အောက်သာရှိခဲ့သဖြင့် များစွာကွဲပြားခြားနားချက်ရှိကြောင်း နယူးဒေလီဝန်ကြီးချုပ် Arvind...
ဗျူနိုအေးရိစ် ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ၂,၅၁၇,၃၀၀ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၅၇,၆၄၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) AstraZeneca ကာကွယ်ဆေးတွင် ဘေးထွက်ဆိုးကျိုးများရှိနိုင်ခြင်းကြောင့် ယင်းကာကွယ်ဆေး ပထမတစ်လုံးထိုးနှံပြီးသည့် အသက် (၅၅)အောက်ရှိသူ လူအုပ်စုများကို ဒုတိယမြောက်ကာကွယ်ဆေး အခြားအမျိုးအစား တစ်ခု ပြောင်းလဲထိုးနှံပေးမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကူမင်း ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့၌ COVID-19 အတွက် သုံးကြိမ်မြောက် မြို့လုံးကျွတ် nucleic acid စစ်ဆေးခြင်းအား ယနေ့ ဧပြီ ၁၁ ရက်တွင် စတင်မည် ဖြစ်ကြောင်း ဒေသအစိုးရထံမှ သိရသည်။
ဆန်တီယေဂို၊ဧပြီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Sinovac ကုမ္ပဏီမှ ထုတ်လုပ်သော CoronaVac ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ်သည် ချီလီနိုင်ငံသို့ ဧပြီ ၁၀ ရက်တွင် ရောက်ရှိလာခဲ့ရာ ယင်းမှာ ချီလီနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွက် အစိတ်အပိုင်းတစ်ရပ်ဖြစ်လာကြောင်း သိရသည်။
ဂျကာတာ၊ဧပြီ ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း Seroja ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၇၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
လာပါဇ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ အထူးသဖြင့် အလွယ်တကူ ပိုမိုကူးစက်နိုင်ပြီး ပိုမိုသေဆုံးနိုင်သော ဘရာဇီးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန် ဘရာဇီးနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ကို နောက်ထပ် ၇ ရက် ပိတ်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၉ ရက်က သိရှိရသည်။
ပနားမားစီးတီး၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ ကျန်းမာရေးအာဏာပိုင်များသည် တရုတ်နိုင်ငံဆေးဝါးကုမ္ပဏီ Sinovac မှ ထုတ်လုပ်ခဲ့သည့် CoronaVac ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန် ဧပြီ ၉ ရက်တွင် အတည်ပြုခဲ့သည်။
ကိုပင်ဟေဂင် ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဥရောပတိုက်အလယ်ပိုင်းဒေသ ဧပြီ ၉ ရက် ဒေသစံတော်ချိန် ၁၀ နာရီအထိ ဒေသအတွင်း၌ COVID-19 ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်း ၁,၀၀၁,၃၁၃ ဦးအထိရောက်ရှိလာခဲ့ပြီး COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၇ သန်းကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသ လုပ်ငန်းဆောင်ရွက်မှုဌာန၏...