ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၃၂၁ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက်အရ ရုရှားနိုင်ငံစစ်လက်နက်အင်အားစု အနေဖြင့် ယင်းနေ့တွင် မဟာဗျူဟောမြောက် နျူကလီးယား ထိပ်ဖူးတပ်ဆင်၍ ပစ်ခတ်နိုင်သော စစ်လက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ချင်းပြည်နယ်၏အမှတ်အသားဖြစ်ပြီး နေရာဒေသအလိုက်ချင်းပြည်နယ်တွင် ကာကွယ်ထားသည့်အပင်မျိုး စိတ်ဖြစ်သောတောင်ဇလပ်ပန်း ခုတ်ယူခြင်းမရှိစေရေး နှင့် ခုတ်ယူပါက ဥပဒေအရ အရေးယူသွားမည်ဟု သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်) မှညွှန်ကြားရေးမှူးဦးကျော်မင်းသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ရက်တွင်ပြောသည်။
ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ၏ ပထမအကြိမ် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့(ဒီဇင်ဘာ ၁၀ ရက်) တွင် ကွမ်ကျိုးမြို့၌ စတင်ဖွင့်လှစ် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့အပြည်ပြည်ဆိုင်ရာယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲ နှင့် အီလက်ထရောနစ်နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာပြပွဲ ကို ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းဒီဂျစ်တယ်ပြပွဲအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့...
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် ဘာသာပြန် – ခေါန်ရိန် COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာသည့် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း Fortune မဂ္ဂဇင်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် တိုက်ပင်း က အာဖရိကတိုက် အလယ်ပိုင်းဒေသ နိုင်ငံများ၏ ပြဿနာများနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော အွန်လိုင်းကွန်ဖရန့် အစည်းအဝေး၌ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး ဥရောပသမဂ္ဂနှင့်ဗြိတိန်အကြား အနာဂတ်ဆက်ဆံရေး ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်နိုင်ရန်ရှိမရှိ ယခုရက်သတ္တပတ်အတွင်း ဆုံးဖြတ်မည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ဒီဇင်ဘာ ၉ ရက် ညပိုင်း လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဝစ္စကွန်းဆင်းပြည်နယ်ရှိ အမျိုးသားသစ်တောကြိုးဝိုင်းတစ်ခုထဲသို့ ဒီဇင်ဘာ ၉ ရက်က F-16 ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ကြောင်း နှင့် ယင်းတိုက်လေယာဉ်မှူးအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက် အရ သိရသည်။