Connect with us

Asia

ရုရှားနိုင်ငံ က မဟာဗျူဟာမြောက် နျူကလီးယား ထိပ်ဖူးတပ်၍ ပစ်ခတ်နိုင်သော လက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ရုရှား နိုင်ငံထုတ် Tu-95MS ဗုံးကြဲလေယာဉ်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)  ဘာသာပြန်/စိုးမိုး

ရုရှား နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက်အရ ရုရှားနိုင်ငံစစ်လက်နက်အင်အားစု အနေဖြင့် ယင်းနေ့တွင် မဟာဗျူဟောမြောက် နျူကလီးယား ထိပ်ဖူးတပ်ဆင်၍ ပစ်ခတ်နိုင်သော စစ်လက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်အရ ယခုအကြိမ်ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင် ရုရှားနိုင်ငံ စစ်လက်နက်တပ်ပေါင်းစု အမြင့်ဆုံးခေါင်းဆောင် ပူတင် က ဦးဆောင်ညွှန်ကြားမှုပြုလုပ်ခဲ့ပြီး ကြည်း ၊ ရေ ၊ လေ မဟာဗျူဟာမြောက် နျူကလီးယား ထိပ်ဖူး တက်ဆင်၍ ပစ်ခတ်နိုင်သော စစ်လက်နက်များဖြင့် စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်ခဲ့ရကြောင်း ၊ ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာအနေဖြင့် ဒီဇင်ဘာ ၉ ရက်တွင် နိုင်ငံ အနောက်မြောက်ပိုင်းရှိ Plesetsk ဒုံးကျည်ပစ်စခန်း ၊ Barents ပင်လယ်ပြင် ၊ Tu-160 နှင့် Tu-95MS စသည့် ဗုံးကြဲလေယာဉ်များကို အသုံးပြု၍ Kamchatka ကျွန်းဆွယ်ပေါ်ရှိ ပြစ်မှတ်များကို ပဲ့ထိန်းဒုံးကျည်များ ၊ ရေငုတ်သင်ေ္ဘာဖျက် ပဲ့ထိန်းဒုံးကျည်များ ၊ တိကျမှုလွန်စွာမြင့်မားသည့် ဒုံးကျည်များဖြင့် ပစ်ခတ်မှုများပြုလုပ်ကာ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်အရ ယခုအကြိမ် ရုရှားနိုင်ငံ မှ ဆောင်ရွက်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုသည် လွန်စွာ အောင်မြင်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际•环球军情)俄罗斯举行战略核力量演习

  新华社莫斯科12月9日电(记者张骁)俄罗斯国防部9日发布消息说,俄武装力量当天举行战略核力量演习。

  消息说,本次演习是根据俄罗斯武装力量训练计划进行的,由俄武装力量最高统帅普京领导,陆海空战略核力量参与。俄军当天分别从俄西北部的普列谢茨克发射场、巴伦支海水域以及使用图-160、图-95MS轰炸机等,向位于堪察加半岛的库拉靶场和位于俄中部科米共和国境内的片博伊靶场发射了洲际弹道导弹、潜射弹道导弹、高精度远程空射巡航导弹等。

  消息说,本次演习各项任务圆满完成。(完)