ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် COVID-19 ဗိုင်းရပ်စ် မူလဇစ်မြစ်နှင့် ကူးပြောင်းရာလမ်းကြောင်းကို ကမ္ဘာ့သိပ္ပံနည်းကျ သုတေသနပြုရန် နိုင်ငံအားလုံးမှ သိပ္ပံပညာရှင်များကို ပံ့ပိုးသွားမည်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်မှုအောက်ရှိ ဗိုင်းရပ်စ်၏ တိရစ္ဆာန်ဇစ်မြစ်အပေါ် ရှာဖွေခြင်းပူးပေါင်းဆောင်ရွက်မှု၌ အဖွဲ့ဝင်နိုင်ငံများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း...
ရောမ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီတလီနိုင်ငံ ANSA နှင့် la Repubblica စသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ အီတလီနိုင်ငံ မီလန်တက္ကသိုလ် မှ ဦးဆောင်သော နိုင်ငံတကာ သုတေသန အဖွဲ့ က နိုင်ငံအတွင်းရှိ အရေပြားရောဂါ ဝေဒနာရှင်...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖူကျန့်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် longyan မြို့Changting ကောင်တီတွင် နေထိုင်သည့် Li Shishui အမည်ရသော လက်မှုပညာရှင် တစ်ဦးသည် မြေးဖြစ်သူအား ကစားစရာများကို သစ်သားတစ်မျိုးထဲအသုံးပြု ကာ ဖန်တီးပြုလုပ်ပေးခဲ့သည်။ ဖိုးဖိုးလီ၏ လက်မှုပညာဖြင့်ပြုလုပ်ထားသည့်အရုပ်များအား...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လစ္စဘွန်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa တွင် COVID-19 ရောဂါကူးစက်ခံရကြောင်း ပေါ်တူဂီသမ္မတရုံး တရားဝင်ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၁ ရက်ညပိုင်းက ထုတ်ခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအရ ၂၄ နာရီအတွင်း လူနာသစ် ၅၈၂ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၂ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ကျင်းပရန် လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင်...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂျပန်နိုင်ငံတွင် ဗြိတိန်၊ တောင်အာဖရိကနှင့် အပြည့်အဝ တူညီမှုမရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။