မော်စကို ၊ ဧပြိ ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်တို့သည် ရုရှားနိုင်ငံအရှေ့ဖျားရှိ Vladivostok မြို့တွင် ဧပြီ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yuri Ushakov က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပညာရှင် ပူးပေါင်းဆောင်ရွက်မှုကော်မတီ တည်ထောင်မှု အခမ်းအနားကို ဧပြီ ၂၄ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ အဆောက်အဦ ဆောက်လုပ်ရန် တူးဖော်နေစဉ် ဗုံးသီးဟောင်း အလုံး ၉၀ အား တူးဖော် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇၇,၀၀၀ ပြား ဒေသ ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၁၀ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် မီဒီယာစင်တာထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဧပြီ ၂၂ ရက်ကနွံကန် ကျိုးပေါက်ခဲ့ရာ ယနေ့ ဧပြီ ၂၄ ရက်ထိ အလောင်း ၅လောင်း ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ...
ဝါရှင်တန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်ဒုသမ္မတဟောင်း ဂျွန်ဘိုင်ဒင်သည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့်အကြောင်းကို ဧပြီ ၂၅ ရက်တွင် ထုတ်ဖော်ကြေညာသွားရန်ရှိကြောင်း ၎င်း၏ မဲဆွယ်လှုပ်ရှားမှုအဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းအမြစ်ကို ကိုးကား၍ ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထူထောင်ခြင်း ၂၀၂၀ ခုနှစ်တွင် နှစ် ၇ဝ ပြည့် အထိမ်းအမှတ်နှင့် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အတွက် ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်အား ပေကျင်းမြို့၌ ကျင်းပခြင်းကို ဂုဏ်ပြု ကြိုဆို...
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) မြန်မာ နှင့် တရုတ် နှစ်နိုင်ငံ ပထမဦးဆုံး ပူးပေါင်း ရိုက်ကူးမည့် ပုဂံ ရတနာသိုက် ရုပ်ရှင် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားအား ယနေ့တွင် ရန်ကုန်မြို ့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပ...