ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံ၌ ဇူလိုင် ၂ ရက်က ကြီးမားသည့် မြေပြိုမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် လွန်စွာဝမ်းနည်းမိကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျသည့် နှစ်ရက်အတွင်း ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၇၂လောင်းထိ ရရှိထားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) မူဆယ်(၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့သည့်ကုန်တင်ယာဉ်အစီးရေ ဇူလိုင် ၁ ရက်မှ စ၍ များပြားလာကြောင်း၊ အစီးရေ ၁၇ဝဝ ကျော်အထိရှိလာပြီး ၊ ကုန်သွယ်ရေးများ ပုံမှန်ပြန်ဖြစ်လာကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း(မူဆယ်မြို့) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇူလိုင် ၃...
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ သီးနှံမျိုးစုံအား စားသောက်ဖျက်ဆီးတတ်သော ကန္တာရကျိုင်းကောင်(နှံကောင်) ကျရောက်ခြင်း မရှိသေးဘဲ သတိပြုနိုင်ရန် နှိုးဆော်ထားကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန ၊ သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်က...
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဆင်းရဲနွမ်းပါးမှုမြင့်မားသော ဒေသများတွင် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုက်ယွမ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်ပုံရိပ်ဖတ်ဂြိုဟ်တုတစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင် ၃ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင် စစ်ပြန်များအား ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ပါဝင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် ဆုတံဆိပ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျမှုကြောင့် ယနေ့ ဇူလိုင် ၃ရက် နံနက် ၁၀နာရီထိ ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိထားပြီး ဒဏ်ရာရရှိသူ ၅၄ ဦးရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း (၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) တတိယအကြိမ်မြောက် ထပ်မံပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်သူ အောင်လအန်ဆန်သည် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အသိပေး ထုတ်ပြန်ခဲ့သည်။