Connect with us

VIDEO

တရုတ်နိုင်ငံရှိ COVID-19ကာကွယ်ဆေးထုတ်လုပ်သည့် Sinovac စက်ရုံသို့လေ့လာခြင်း

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး Inactivated vaccine နှစ်မျိုးထုတ်လုပ်သည့် ကုမ္ပဏီ နှစ်ခုအား လက်တွေ့ စမ်းသပ်ရန်ခွင့်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါ ကုမ္ပဏီ နှစ်ခုအနက် တစ်ခုမှာ Sinovac Biotech Ltd ဆေးကုမ္ပဏီဖြစ်ပြီး ဆင်ဟွာသတင်းဋ္ဌာနမှ သွားရောက်ရိုက်ကူးလေ့လာခဲ့ပါသည်။ Sinovac  ကုမ္ပဏီမှ ယခုဖော်စပ်နေသည့် ကာကွယ်ဆေးမှာ သေဆုံးပြီးဗိုင်းရပ်စ်ကို အသုံးပြုကာ ထည့်သွင်းခြင်းဖြစ်ပြီးကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပါက ကိုယ်ခံအားစနစ်မှ လျှင်မြန်စွာ တုံ့ပြန်ဖြစ်ကြောင်းသိရသည်။ ကာကွယ်ဆေးစမ်းသပ်မှုပထမအဆင့်အနေဖြင့် အသက် ၁၈ နှစ်မှ ၅၉ နှစ်အရွယ် ကျန်းမာရေးကောင်းမွန်သည့် စေတနာ့ဝန်ထမ်း၁၄၄ ဦးဖြင့် စမ်းသပ်မည်ဖြစ်ကြောင်းသိရသည်။ 

Sinovac Biotech Ltd မှ အရည်အသွေးစစ်ဆေးရေးမန်နေဂျာ ကုံရွှယ်ကျဲ့ က “စစ်ဆေးစမ်းသပ်မှု ပထမအဆင့်ကတော့ စေတနာ့ဝန်ထမ်းလူနည်းစု အပေါ်မှာ ကာကွယ်ဆေးက ဘေးကင်းစိတ်ချရမှုရှိမရှိနှင့် ကနဦးထိရောက်မှုစွမ်းရည်ကို လေ့လာတာဖြစ်ပါတယ်။ ကျွန်မတို့ စစ်ဆေးစမ်းသပ်မှု ဒုတိယအဆင့်မှာတော့ အစမ်းသပ်ခံမယ့်စေတနာ့ဝန်ထမ်းဦးရေထပ်ပြီးတိုးချဲ့သွားမှာပါ။  ဒါမှလည်း ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနှင့် ခန္ဓာကိုယ်တွင်းတုံ့ပြန်နိုင်မှုအတွက် တိကျတဲ့အချက်အလက်တွေရရှိနိုင်မှာပါ။  စစ်ဆေးစမ်းသပ်မှု ပထမအဆင့်နဲ့ ဒုတိယအဆင့်ကတော့ အချိန် သုံးလ ကနေ လေးလကြားကြာမြင့်နိုင်ပါတယ်။ အဲဒါပြီးရင် ကပ်ရောဂါ ရဲ့ အခြေအနေပေါ်မူတည်ပြီး တတိယမြောက် စစ်ဆေးစမ်းသပ်မှုလုပ်မှာပါ။ အဲဒီအဆင့်မှာလည်း လ အနည်းငယ်တော့ ကြာမြင့်ပါလိမ့်မယ်။” ဟု ပြောကြားခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.