ရန်ကုန်၊ဇူလိုင် ၁ ရက်(ဆင်ဟွာ) အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် မေလအတွင်း ကျား ၂,၁၄၄ ဦး၊ မ ၄,၈၂၆ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၆,၉၇၀ ခု ချုပ်ဆိုနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ တရားရေးဝန်ကြီး Teresa Cheng က ဟောင်ကောင်၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ကြိုဆိုကြောင်း ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရ၏ ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီယိုဖော့စီ(Anthony Fauci) က လက်ရှိကူးစက်မှုနှုန်း အနေအထားသည် အလှည့်အပြောင်း မဖြစ်ပေါ်ခဲ့ပါက အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် COVID-19 ကူးစက်ခံရသူ တစ်သိန်းထိ ဖြစ်လာနိုင်ကြောင်း ဇွန် ၃၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဇွန် ၃၀ ရက်၌ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်း နှင့် ယင်းထုတ်ဖော်ကြညာမှုသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အောင်မြင်မှုအတွက် စာမျက်နှာသစ်တစ်ခုစတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဇွန် ၃၀ ရက်က ပြုလုပ်သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေး၌ တရုတ်နိုင်ငံထိပ်တန်းဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်းအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံကိုယ်စား ကျူးဘားနိုင်ငံက ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်မြို့တွင် အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အခမ်းအနားကို ယနေ့ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ဟောင်ကောင်အစိုးရအနေဖြင့် ကြိုဆိုကြောင်း HKSAR အုပ်ချုပ်ရေးမှူး Carrie Lam က ယနေ့ (ဇွန် ၃၀ ရက်) ပြောကြားလိုက်သည်။
ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးက ဇွန် ၃၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အသစ်ပြဌာန်းလိုက်သော ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို အခိုင်အမာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) က ယနေ့ ဇွန် ၃၀ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဗီဒီယိုရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရန် အခွင့်အရေးကိုလေးစားရန် နှင့် တည်ငြိမ်မှု နှင့် သဟဇာတဖြစ်မှုအတွက် ဟောင်ကောင်ပြည်သူများ၏...
ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို ယနေ့ ဇွန် ၃၀ ရက်တွင် ဆန္ဒမဲပေး၍ အတည်ပြုခဲ့ကြောင်း သိရသည်။