လော့အိန်ဂျလိစ် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မင်နီပူးလစ်မြို့တွင် လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများသည် နိုင်ငံအနှံ့ ကူးစက်ပျံ့နှံ့သွားပြီးနောက် မငြိမ်သက်မှု နှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော လော့အိန်ဂျလိစ်မြို့ကို ည ၈ နာရီမှ မနက် ၅...
ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် လွိုင်လင်မြို့ နှင့် ကလောမြို့များတွင် စုစုပေါင်း ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)များ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)မှ မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နယူးယောက် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်၌ လူမဲအမျိုးသား George Floyd သေဆုံးမှုအပေါ် မကျေနပ်၍ နယူးယောက်မြို့တော်၌ မေ ၃၁ ရက် ညပိုင်းက သုံးရက်မြောက်နေ့အဖြစ် ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားစဉ်အတွင်း အခြား လူ ၃၀၀ ကျော် ထပ်မံဖမ်းဆီး...
ဝါရှင်တန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုးအား အိန္ဒိယ နိုင်ငံမှ ပြန်လာသူ လေးဦးထံမှ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်း အချိန် ထုတ်ပြန်ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၂၈...
ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထာလ်မွာလ်ကျေးရွာနှင့် တွီးထန်တံတားကြားတွင် ယနေ့ (မေ ၃၁ ရက်) နံနက်အစောပိုင်း၌ ဆန်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့် ချောက်ထဲသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါ လူ(၂) ဦး...
ဘဲလ်ဂရိတ်၊ မေ ၃၁ ရက်(ဆင်ဟွာ) ဟန်ဂေရီ-ဆားဘီးယား ရထားလမ်းစီမံကိန်းသည် ဆားဘီးယားနိုင်ငံအတွက် အထူးအရေးပါကြောင်း ၎င်းမှာ ရထားလမ်းတစ်လျှောက်ဒေသရှိ ပြည်သူများ၏ လူမှုဘဝ အဆင့်အတန်းနှင့် ဒေသန္တရစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်ကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ယင်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြည့်ရှုစဉ် မေ ၃၀ ရက်တွင်...
ရန်ကုန်၊ မေ ၃၁ ရက်(ဆင်ဟွာ) မြန်မာ့တပ်မတော်၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက်“မြန်မာ–တရုတ် ချစ်ကြည်ရင်းနှီးစွာဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့အစည်း(Myanmar-China Friendly Contact Organization)”၊ မြန်မာချစ်ကြည်ရေးကုမ္ပဏီနှင့် Chinese Documentary Media Industry Group (CDMIG)ကုမ္ပဏီတို့သည် မေ ၂၉ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ “COVID-19 ရောဂါစစ်ဆေးရေးပစ္စည်းများ” ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း မေ ၃၀ရက်က ကျပ်သိန်းပေါင်း ၁၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။