ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာ ၁၄ ရက်၌ တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းရိုင်းတုံး ၁၂တန်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဝင်ငွေကျဆင်းမှု နှင့်လူနေမှုစရိတ်မြင့်တက်လာမှုတို့ကြောင့်ပြည်သူများမကျေမနပ်ဖြစ်မှုများကိုရပ်တန့် နိုင်ရန်ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်(Emmanuel Macron) ကနည်းလမ်းများဆောင်ရွက်နေ သော်လည်း၊နိုင်ငံတစ်ဝန်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ Yellow Vests ခေါ်ဆန္ဒပြမှုအသစ်များထပ်မံဖြစ် ပွားလာဖွယ်ရှိရာဖြစ်ပေါ်လာနိုင်သည့်အကြမ်းဖက်မှုများကိုထိန်းချုပ်သွားနိုင်ရန်ပြင်သစ်အစိုးရကလည်း ထောင်နှင့်ချီသော လုံခြုံရေးအရာရှိများနှင့် လက်နက်တင်ကားများက ိုအသုံးပြု၍လုံခြုံရေးလုပ်ငန်းများ ကိုတင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမည်ဟုသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ မြို့ ပြဖွံ့ ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေ မည့် ထိန်းညှိစနစ်တစ်ခု ပေါ်ထွက်လာစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ဧရိယာခွဲခြားသတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူများကို မကြာသေးမီက ရဲတပ်ဖွဲ့က ထိထိရောက်ရောက်နှိမ်နင်းခဲ့ရာ လူ ၆၆၇ ဦး အဖမ်းခံခဲ့ရကြောင်း ရဲဗိုလ်ချုပ်က ဒီဇင်ဘာ ၁၄ ရက်က ပြောကြားလိုက်သည်။
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသို့ တစ်နှစ်အတွင်းလာရောက်လည်ပတ်သည့်ကမ္ဘာလှည့်ခရီးသွားဦးရေမှာ တစ်သန်းကျော် အထိပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် မကြုံတွေ့ခဲ့ရဘူးသည့်တိုးတက်မှုပင်ဖြစ်ကြောင်း နီပေါကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့(NTB) ကဒီဇင် ဘာလ ၁၄ ရက်ကပြောခဲ့သည်။
ကွီတို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၏ အရှေ့တောင်ဘက် ကွန်နိုကိုတိုမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ECU-911 အရေးပေါ်ဝန်ဆောင်မှု ပေါင်းစည်းရေးစနစ်က ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်အတွင်း လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဒီဇင်ဘာလ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက သန်း၂၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် ဆက်နွယ်သည်ဟု ယူဆရသော စစ်သား အနည်းဆုံး ၂၁၉ ဦးကို ဖမ်းဆီးရန် တူရကီအာဏာပိုင်များက ဒီဇင်ဘာလ ၁၄ ရက်က ဝရမ်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ကြိုးတံတား ကျိုးကျပျက်စီးခဲ့မှုကြောင့် ဒေသခံခရီးသွားပြည်သူများ၊ကုန်ကူးသန်းရောင်းဝယ်သွားလာမှု၊ လုပ်ငန်းအစဉ်ပြေချောမွေ့ စွာ သွားလာနိုင်ရေးနှင့်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့်တပ်မတော်ရေ မှ ဇက်ကူးတို့ရေယာဉ်များကို အဆိုပါမြောင်းမြ တံတားသစ်စီမံကိန်းပြီးစီးရန် လျာထားသတ်မှတ်ထားသည့် ၂၀၁၉ ခုနှစ် မတ်လ ကုန်ထိတိုင် ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း...