Connect with us

Eastern Europe

ရုရှားရေတပ်က ၂၀၂၀ ပြည့်နှစ်တွင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၅ စင်း ရရှိမည်

ရုရှားနိုင်ငံရေတပ်မှ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်း တပ်တော်ဝင်စဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသင်္ဘောတည်ဆောက်ရေးလုပ်ငန်းက လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရုရှားရေတပ်သို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၅ စင်း ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း အမှုဆောင်အရာရှိချုပ် Mikhail Budnichenko က ဒီဇင်ဘာ ၂၀ ရက်တွင် TASS သတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

Sevmash သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည်  နောက်ဆုံးပေါ် စတုတ္ထမျိုးဆက် ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသော Prince Vladimir နှင့် Prince Oleg  ရေငုပ်သင်္ဘော နှစ်စင်းကို ရုရှားရေတပ်သို့ပေးပို့သွားရန် ပြင်ဆင်နေကြောင်း Budnichenko က ဆိုသည်။ အဆိုပါ ရုရှားရေတပ်သို့ ပေးပို့မည့် သင်္ဘောစာရင်းတွင် အထူးစစ်ဆင်ရေးသုံး Belgorod ရေငုပ်သင်္ဘော နှင့် ခရုဒ်ဒုံးကျည်တပ်ဆင်ထားသော Kazan နှင့် Novosibirsk ရေငုပ်သင်္ဘော တို့ပါဝင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ရုရှားနိုင်ငံ၏ တစ်ခုတည်းသော နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောလုပ်ငန်း Sevmash သည် Severodvinsk မြို့ဆိပ်ကမ်း၌ တည်ရှိကြောင်း သိရသည်။(Xinhua)