Connect with us

Asia

မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင်က စစ်ရေး စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

ယခုနှစ် ဩဂုတ်လ အတွင်း ပြုလုပ်ခဲ့သော ဘက်စုံ ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ် စမ်းသပ်မှုအား မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးနေစဉ်(ဆင်ဟွာ)

ပြုံးယမ်း ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအန် ဦးဆောင်၍ စစ်ဘက် အရာရှိများသည် မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေး စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်၍ အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် (KCNA) သတင်းဌာနက ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းအစည်းအဝေးတွင် အမျိုးသား ကာကွယ်ရေး နှင့် သက်ဆိုင်သော ကိစ္စရပ်များ အားလုံးကို အဆင့်မြှင့်တင်ရန် အတွက် အရေးတစ်ကြီး ဆောင်ရွက်ဖွယ်ရာများ နှင့် လုပ်ငန်း အစီအစဉ်များ အကြောင်း ဆွေးနွေးခဲ့ကြကြောင်း နှင့် အမိနိုင်ငံ ကာကွယ်ရေး အတွက် စစ်ရေး စွမ်းရည် တိုးတက်မှု အရှိန် မြှင့်တင်ရေး နှင့် စဉ်ဆက်မပြတ် တိုးတက်ရေး ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေး ညှိနှိုင်း အားလုံး သဘောတူညီခဲ့ကြကြောင်း သိရသည်။

ယခုနှစ် ဩဂုတ်လ အတွင်း ပြုလုပ်ခဲ့သော ဘက်စုံ ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ် စမ်းသပ်မှုအား မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးနေစဉ်(ဆင်ဟွာ) 

အဆိုပါ ကိုရီးယား အလုပ်သမား ပါတီ ဗဟိုစစ်ကော်မရှင်(CMC)၏ တတိယအကြိမ်မြောက် အစည်း အဝေးတွင် ကင်ဂျုံအန်က ပြည်တွင်း ၊ ပြည်ပ အခြေအနေများ၏ ရှုပ်ထွေးမှုများ အပေါ် ခွဲခြမ်း စိတ်ဖြာ ရှင်းလင်း ပြောကြား ခဲ့ကြောင်းလည်း သိရသည်။အစည်းအဝေးတွင် ဗဟိုစစ်ကော်မရှင်၏ အဖွဲ့ဝင် အချို့အား ထုတ်ပယ်ခဲ့ပြီး အဖွဲ့ဝင် အသစ် အချို့အား ရွေးချယ် ခဲ့ကြောင်း ၊ ယင်းနှင့် ပတ်သက်၍ အသေးစိတ် အကြောင်းအရာကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိကြောင်း သတင်းက ဖော်ပြထားသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117