ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ယခင်အပတ်က တင်သွင်း ဆွေးနွေးခဲ့သော ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးကို ကန့်ကွက်သူ မရှိသဖြင့် ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ Salahudin ပြည်နယ် မြို့တော် Tikrit တွင် နိုဝင်ဘာ ၁၈ ရက်က ကားဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်လုံခြုံရေးအရာရှိ တစ်ဦးက ယင်းနေ့တွင်...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်ထုမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ) တွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် နိုဝင်ဘာ ၁၈ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်တစ်ခုအတွင်းသို့ လမ်းချော်၍ ပြုတ်ကျခဲ့ရာ အနည်းဆုံးလူ ၁၂ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကာလက်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabul ပြည်နယ် Shinkai ခရိုင်ရှိ လုံခြုံရေးဂိတ်တစ်ခုအား နိုဝင်ဘာ ၁၈ ရက်တွင် အစိုးရဆန့်ကျင်သော စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို အမည်မသိနေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်နယ်ရဲချုပ် Mohammad Mustafa Mayar...
ရှီးချန်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ နိုဝင်ဘာ ၁၉ ရက် နံနက် ၂း၀၇နာရီတွင် ဂြိုဟ်တုသစ်၂လုံး အား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် အာကာသအတွင်းရှိ BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွင်းသို့...
နယူးဒေလီ ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) Gaja ဆိုင်ကလုန်းမုန်တိုင်း ကြောင့် သေဆုံးသူဦးရေမှာ ၄၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်း Tamil Naduပြည်နယ်ဝန်ကြီးချုပ် Edappadi Palaniswamiက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ဒါဆရီဘီဂါဝမ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရူနိုင်းနိုင်ငံသို့ နိုဝင်ဘာ ၁၈ရက်တွင် နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၁၃နှစ်တာကာလအတွင်း ဘရူနိုင်းနိုင်ငံသို့ ပထမအကြိမ်လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။