Connect with us

Social, Education & Health

စစ်မှန်သောချစ်ခြင်းမေတ္တာနှင့်အတူ မသန်စွမ်း တရုတ်အဖိုးအဖွား ဇနီးမောင်နှံ၏ နေ့စဉ်ဘဝပုံရိပ်များ

တရုတ်နိုင်ငံ၌ မသန်စွမ်း ဝေဒနာရှင် အဖိုးအဖွား ဇနီးမောင်နှံ၏ ကြည်နူးဖွယ် အပြန်အလှန်ပြုစုယုယမှုမြင်ကွင်းပုံရိပ်များ(ဆင်ဟွာ)

နန်ချန်၊အောက်တိုဘာ၈ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နားမကြားဝေဒနာရှင် အသက် ၇၄ နှစ်အရွယ် အဖိုးအို Xiong Jin’gen နှင့် ပိုလီယိုရောဂါဝေဒနာရှင် အသက် ၆၇ နှစ်အရွယ် မသန်းစွမ်းအဖွားအို Ye Wenjuan တို့သည် အကြင်လင်မယားဇနီးမောင်နှံအဖြစ်ပေါင်းသင်းနေထိုင်ခဲ့သည်မှာ ၃၇ နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သည်။

၎င်းတို့နှစ်ဉီးသည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းဝေဒနာများ အသီးသီးခံစားနေရလင့်ကစား  နေ့စဉ်ဘဝအခက်အခဲများကို ကျော်လွှားရန် အတူတကွလက်တွဲရုန်းကန်ခဲ့ကြသည်။

အဖိုးအို Xiong က ဇနီးမောင်နှံနှစ်ဉီးအတွက် စားသောက်ဖွယ်ရာများကို ချက်ပြုတ်ပြင်ဆင်ခြင်းနှင့် လျှော်ဖွတ်သိမ်းဆည်းခြင်းများကို တာဝန်ယူဆောင်ရွက်ပေးသလို အဖွားအို Ye က ပတ်ဝန်းကျင်နှင့်ပြောဆိုဆက်ဆံရမည့် ပြဿနာရပ်အားလုံးကို တာဝန်ယူ ဖြေရှင်းပေးရင်း ဘဝတစ်ခုကို အတူတကွ ဖြတ်သန်းလာခဲ့ကြသည်။

ချစ်သူဇနီးမောင်နှံနှစ်ဉီးသည် နက်ရှိုင်းသော အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှုကို တည်ဆောက်ရင်း တစ်ယောက်၏ လိုအပ်ချက်ကို ကျန်တစ်ယောက်က ဖြည့်ဆည်းပေးကာ တစ်ဉီးနှင့်တစ်ဉီးအပြန်အလှန် အမှီသဟဲပြုခဲ့ကြသည်။

၎င်းတို့နှစ်ဉီး၏ အကြီးမားဆုံးသော ဘဝအိမ်မက်မှာ  မင်္ဂလာ သက် နှစ်၅၀ ပြည့်ရွှေရတု အထိမ်းအမှတ်ကို အတူတကွ ဖြတ်သန်းနိုင်ရန်ဖြစ်သည်။ “ ဒါဟာ မိသားစုတစ်ခုဖြစ်ဖို့ အပျော်ရွှင်ရဆုံး ကံတရားဆုလာဒ်ပဲပေါ့”ဟု Ye က ဆိုသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117