Connect with us

Culture & Entertainment

ဗိုလ်ချုပ် စိတ်ဓာတ်ကို ဖော်ပြနိုင်၊ ကိုယ်စားပြုနိုင်သည့် ကြေးရုပ် ဖြစ်ရေး ကြိုးပမ်း ဆောင်ရွက်နေဟုဆို

ဗိုလ်ချုပ် မြင်းစီးကြေးရုပ် တည်ဆောက်ရေး အခြေအနေ ရှင်းလင်း တင်ပြ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

နေပြည်တော် သပြေကုန်း အ၀ိုင်းတွင် တည်ထား ဆောက်လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်အား ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်ကို ဖော်ပြနိုင်၊ ကိုယ်စားပြုနိုင်သည့် ကြေးရုပ် ဖြစ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေသည်ဟု နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက် ရေး ဦးစီးကော်မတီ နာယက၊ နေပြည်တော် ဒုတိယမြို ့တော်၀န် ဦးရဲမင်းဦးက ယနေ ့ နံနက်တွင် ပြော ကြားခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို နောင်မျိုးဆက်သစ်တွေကို ပေးလိုတဲ့ အတွက် တည်ဆောက် ရခြင်း ဖြစ်ပါတယ်၊ မြန်မာနိုင်ငံကို ကမ္ဘာ့ နိုင်ငံတွေနဲ ့ ရင်ပေါင်တန်းပြီး လွတ်လွတ်လပ်လပ် ဂုဏ် သိက္ခာ ရှိရှိ ရပ်တည်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်နိုင်အောင် မျိုးဆက်သစ်တွေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်၊ သူ ့ရဲ့စွမ်းဆောင်မှုတွေ၊ ကိုယ်ရည်ကိုယ်သွေးတွေကို လက်ဆင့် ကမ်းချင်လို ့ ဗိုလ်ချုပ် ရုပ်တုတွေ တည်ဆောက်နေတာပါ” ဟုလည်း ဒုတိယ မြို ့တော်၀န်က ရှင်းလင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ် မြင်းစီးကြေးရုပ် တည်ဆောက်ရေး အခြေအနေ ရှင်းလင်း တင်ပြ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၌ ယနေ ့ ကျင်းပသော ‘ဗိုလ်ချုပ် မြင်းစီးကြေးရုပ် တည်ဆောက်ရေး အခြေအနေ ရှင်းလင်း တင်ပြ ဆွေးနွေးပွဲ’ တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသို ့ နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ရေး ဦးစီးကော်မတီ ဥက္ကဌ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၀င် ဦးမင်းသူနှင့် အဖွဲ ့၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကြေးရုပ်ဖြစ်မြောက်ရေး ဘဏ္ဍာရေး ဆပ်ကော်မတီ၀င်၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်းဥက္ကဌ ဦးကျော်မင်း ထွန်းနှင့် မြို ့မိမြို့ဖများ၊ ကြေးရုပ် တည်ဆောက်ရေး ပညာရှင် ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ် အငြိမ်းစား ပါမောက္ခ(ပန်းပု) ဒေါက်တာ မြင့်စံနှင့် ဗိသုကာပညာရှင် ဦးကောင်းထက်စံတို ့ တက် ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်း တင်ပြခဲ့ကြသည်။

နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ရေး ဦးစီးကော်မတီ နာယက၊ နေပြည်တော် ဒုတိယမြို့ တော်ဝန် ဦးရဲမင်းဦး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ် အငြိမ်းစား ပါမောက္ခ(ပန်းပု) ဒေါက်တာမြင့်စံ ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

ဗိသုကာပညာရှင် ဦးကောင်းထက်စံ ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

အငြိမ်းစား ပါမောက္ခ ဒေါက်တာမြင့်စံက “ဗိုလ်ချုပ်မျက်နှာကို စိတ်တိုင်းကျဖြစ်အောင် လုပ်နေပါတယ်၊ ချွတ်စွပ်တူမယ်လို ့ အာမ မခံနိုင်ပေမယ့် ဗိုလ်ချုပ်ရဲ့ ဥပဓိရုပ် ရရှိဖို ့ ကြိုးပမ်းနေကြတာပါ၊ သနား ကြင်နာတတ်တာ၊ ထက်မြက် စူးရှတာ၊ ရဲရင့်ပြတ်သားပြီး ရိုးသား ဖြောင့်မတ်တာတွေကို ဒီရုပ်တုမှာ တတ်နိုင်သလောက် ထည့်သွင်းထားပါတယ်၊ နောင်တစ်ချိန်မှာ ဒီရုပ်တုဟာ အားလုံးရဲ့ စံတစ်ခု ဖြစ်လာမယ်လို ့ မျှော်လင့်ပါ တယ်” ဟု ပြောကြားခဲ့သည်။ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို လာမည့် ဖေဖော်၀ါရီလတွင် ပြီးစီးမည် ဟု ခန် ့မှန်းထားကြောင်း၊ အမြင့် ၁၈ ပေ ရှိသော အဆိုပါ ရုပ်တုကို နေပြည်တော် သပြေကုန်း အ၀ိုင်း၌ ထားရှိမည်ဖြစ်ပြီး မြင်း၏ ဦးခေါင်းက အရှေ ့အရပ်သို ့ မျက်နှာမူထားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.