Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့ ဆော်လမွန်ကျွန်းနိုင်ငံဝန်ကြီးချုပ်ချစ်ကြည်ရေးခရီးလာရောက်မည်

ဆော်လမွန်ကျွန်းနိုင်ငံဝန်ကြီးချုပ် Manasseh Sogavare အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊အောက်တိုဘာ ၇ရက်(ဆင်ဟွာ)

ဆော်လမွန်ကျွန်းနိုင်ငံ(Solomon)ဝန်ကြီးချုပ် Manasseh Sogavare သည် အောက်တိုဘာ ၈ ရက်မှ ၁၃ ရက်အထိ တရားဝင်နိုင်ငံတော်အလည်အပတ်ခရီးစဉ် တစ်ခုအဖြစ် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်(Hua Chunying)က ယနေ့အောက်တိုဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

Sogavare သည် တရုတ်နိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ၎င်းသည် ပေကျင်းနိုင်ငံတကာဉယျာဉ်ပန်းမံပြပွဲ(Beijing Expo 2019) ၏ ပိတ်ပွဲအခမ်းအနားသို့တက်ရောက်သွားမည်ဖြစ်ကြောင်း ဟွာ၏ ပြောကြားချက်အရသိရသည်။(Xinhua)