Connect with us

Social

ပြည်ပရောက် မြန်မာနိုင်ငံသားများမှ မိသားစုများထံ လွှဲပို့ငွေ ၆ လ အတွင်း ကန်ဒေါ်လာ ၅၂၆ သန်း ကျော်ရှိ 

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်ပ ထွက်ခွာရာ နေရာ၌ ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများမှ ပြည်တွင်းရှိ ၎င်းတို့မိသားစုဝင်များထံ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လွှဲပြောင်းပေးပို့ခဲ့သည့် လွှဲငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅၂၆ ဒသမ၆၈၅ သန်းရှိကြောင်း နှင့် ငွေလွှဲသူ စုစုပေါင်းဉီးရေမှာ ၅၅၆,၁၄၈ ဉီးထိ ရှိခဲ့ကြောင်း အလုပ်သမား ညွှန်ကြားရေး ဉီးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်စာရင်းအရ ၂၀၁၄ခုနှစ်မှ ၂၀၁၉ခုနှစ်၊ ဇွန်လထိ မှတ်ပုံ တင်ထားသော ပြည်ပ အလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့် ပြည်ပ နိုင်ငံများသို့ သွားရောက် လုပ်ကိုင်လျက် ရှိသည့် အလုပ်သမားများနှင့် ပြည်ပနိုင်ငံ များတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ မိသားစု များထံသို့ ပြန်လည်လွှဲပို့လျက်ရှိသည့် လွှဲပို့ငွေအခြေအနေများကိုလည်း ထုတ်ပြန်မှုတွင် ဖော်ပြ ထားသည်။

အဆိုပါ လွှဲငွေပမာဏ အခြေအနေပြဇယားဖော်ပြအရ ၂၀၁၄ ခုနှစ်တွင် လွှဲပို့သည့် ဉီးရေ ၁၃၇,၉၅၉ ဉီး ၊ လွှဲပို့ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၁ ဒသမ ၇၉၃ ၊  ၂၀၁၅ ခုနှစ်တွင် လွှဲပို့သည့် ဉီးရေ ၃၄၀,၉၈၆ ဉီး ၊ လွှဲပို့ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၇၁ ဒသမ ၂၉၃ ၊ ၂၀၁၆ ခုနှစ်တွင် လွှဲပို့သည့် ဉီးရေ ၅၀၁,၉၀၁ ဉီး ၊ လွှဲပို့ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၆၁ ဒသမ ၁၈၅ ၊ ၂၀၁၇ ခုနှစ်တွင် လွှဲပို့သည့် ဉီးရေ ၆၄၇,၇၄၃ ဉီး ၊ လွှဲပို့ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၃၂ ဒသမ ၁၄၄ နှင့် ၂၀၁၈ ခုနှစ်တွင် လွှဲပို့သည့် ဉီးရေ ၉၁၀,၇၀၅ ဉီး ၊ လွှဲပို့ငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၀၉ ဒသမ ၈၁၄ ရှိကြောင်း သိရသည်။

ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားများ အပါအဝင် ပြည်ပရောက် နိုင်ငံသားများအနေဖြင့် မိမိတို့၏ဝင်ငွေများကို မိသားစုထံ လွှဲပို့ရာတွင် သက်ဆိုင်ရာနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းဖြင့် လုံခြုံစိတ်ချစွာ လွှဲပို့နိုင်သကဲ့သို့ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)ကို အထောက်အကူ ပြုနိုင်မည် ဖြစ်သဖြင့် တရားဝင်လမ်းကြောင်းမှ ငွေလွှဲပို့ခြင်းအား အလေးထား ဆောင်ရွက် ကြရန် လိုအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေး ဉီးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 

ပြည်ပနိုင်ငံများသို့ ၁၉၉၀ခုနှစ်မှစ၍ မြန်မာအလုပ်သမားများ စတင်သွားရောက်ခဲ့၍ စနစ်တကျ သွားရောက် လုပ်ကိုင်နိုင်ရန် ၁၉၉၉ခုနှစ် ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ နှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ တရားဝင်မှတ်ပုံတင်ထားသော ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂၉၈ ခုမှတစ်ဆင့် ပြည်ပ နိုင်ငံများသို့ အလုပ်သမားများ စေလွှတ်လျက်ရှိပြီး ၁၉၉၀ ခုနှစ်မှ၂၀၁၉ခုနှစ်၊ ဇွန်လထိ အလုပ်သမား ဦးရေ ၁ ဒသမ ၀၆ သန်းခန့်ကို တရားဝင်စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ထို့ပြင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ အလုပ်သမားများအား အထောက်အထား ပြုလုပ် ပေးခဲ့ပြီး နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။(Xinhua)  


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117