ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်ပြည်မကြီးသို့ မကာအို ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားအား ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက ရန်ကုန်မြို့ Wyndham Grand ဟိုတယ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာအစိုးရဌာနများမှ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးပြုန်းတီးမှုဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်မည့် စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင်...
မကာအို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗဟိုအစိုးရနှင့် တရုတ်နိုင်ငံသားများအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မကာအို၏ အောင်မြင်မှုများနှင့် တိုးတက်မှုများအပေါ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ကိုလံဘို၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသည့် လူနှင့်ဆင်များအကြား ပဋိပက္ခကြောင့် ယခုနှစ် ဒီဇင်ဘာလလယ်အထိ ဆင်ကောင်ရေ ၃၀၀ နှင့် လူဦးရေ ၁၀၀ သေဆုံးခဲ့ကြောင်း သီရိလင်္ကာ တောရိုင်းတိရစာ္ဆန်ဆိုင်ရာဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်အထိ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ် ၂၉၈ လုံး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။
မကာအို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် ဒုံးကျည် တပ်ဖွဲ့၏ ၆၀ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ရာ ယင်းတပ်ဖွဲ့များတွင် ခေတ်မီ လက်နက်များ တပ်ဆင်ထားမှုမှာ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပြီ ဖြစ်ကြောင်း ရုရှား...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန် သတင်းမီဒီယာများက အခြား ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်သည့်နိုင်ငံများ၏ မီဒီယာများနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအပါအဝင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများတည်ဆောက်မှုကို အပြည့်အဝပံ့ပိုးဆောင်ရွက်ပေးစေလိုကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် သတင်းနှင့်ထုတ်လွှင့်မှုဆိုင်ရာ အထူးအကြံပေးပုဂိ္ဂုလ်Firdous Ashiq Awanက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပနားမားစီးတီး၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပနားမားနိုင်ငံ ပနားမားမြို့အနီး အကျဉ်းထောင်တစ်ခုတွင် ဒီဇင်ဘာ ၁၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကျဉ်းသား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၁၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ အနက် ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက်ထိန်းသိမ်းပြီးဖြစ်သော ၁၃၈ ဆူ စုစုပေါင်း ၃၆၂...