Connect with us

Culture & Entertainment

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က သက်ကြီးဘိုးဘွားများနေ့ တွေ့ဆုံပွဲသို့ နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့

တရုတ် နိုင်ငံ ကျဲ့ကျန်း ပြည်နယ် ၊ ဟန်ကျိုးမြို့ရှိ Hexidai ကျေးရွာမှ ဘိုးဘွားများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယနေ့ အောက်တိုဘာ ၇ ရက် တရုတ် ပြက္ခဒိန် ၉ လပိုင်း ၉ ရက်နေ့တွင် ကျရောက်သည့် တရုတ် ရိုးရာ ချုံယန် (Chongyang ) ပွဲတော်တွင် နိုင်ငံတဝှမ်းရှိ နိုင်ငံသား သက်ကြီးဘိုးဘွားများအား ဆုတောင်းစာလွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

မကာအို ဒေသရှိ ဒေသခံ သက်ကြီးဘိုးဘွား ၃၀ ဉီးထံသို့ အောက်တိုဘာ ၆ ရက်နေ့စွဲဖြင့် ပြန်လည် ပေးပို့သော စာတစ်စောင်တွင် ရှီက နှုတ်ခွန်းဆက် စကား ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရှီသည် တရုတ် နိုင်ငံ၏ ဒုတိယ သမ္မတ တစ်ဉီး အနေဖြင့် မကာအို ဒေသခံ သက်ကြီး ဘိုးဘွားများ နားခိုရန် ရည်ရွယ်၍ ၂၀၀၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် သက်ကြီးဂေဟာသို့ သွားရောက် လည်ပတ်ခဲ့ဖူးသည်။

“မကာအို ဒေသမှာ တစ်နိုင်ငံ ၊ စနစ် နှစ်မျိုးကို အောင်မြင်စွာ လက်တွေ့ကျင့်သုံးခဲ့တဲ့ အတွေ့အကြုံကောင်းတွေ ရှိပါတယ်။”ဟု ရှီက ပြောကြားခဲ့ပြီး “ဘိုးဘွားများ အနေနဲ့ အလုပ်က အနားယူပြီးနောက်မှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတာကို သိရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတရှီက မကာအို ဒေသခံ ဘိုးဘွားများ အနေဖြင့် တရုတ် ပြည်မသို့ မကာအို ဒေသ ပြန်လည် ပေါင်းစည်း ဝင်ရောက်မှု မပြုခင် ကာလက အနေအထားနှင့် ပြုလုပ်ပြီးနောက် အနေအထားများကို မျိုးဆက်သစ် လူငယ်များအား ရှင်းလင်း ပြောကြား ပေးသင့်ကြောင်း ၊ လူငယ်များအား အမိ တရုတ် နိုင်ငံတော်ကြီးကို ချစ်ခင် မြတ်နိုးသည့် ကောင်းမြတ်သော အစဉ်အလာကို အားပေးချီးမြှောက်ရန် နှင့် ကွမ်တုံ-ဟောင်ကောင်-မကာအို (Greater Bay Area) ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်စေရန် နှင့် မကာအို ဒေသ ပိုမို သာယာ လှပရေး အတွက် အတူတကွလက်တွဲဆောင်ရွက်သွားရေး တွန်းအားပေးရန် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ ရှီထံသို့ ပေးပို့သောစာတွင် ဒေသခံ ဘိုးဘွားများက မိခင် တရုတ်နိုင်ငံ ပြည်မကြီးသို့ မကာအို ဒေသ ပြန်လည် ဝင်ရောက်လာစဉ်ကတည်းက ပြောင်းလဲမှုများအကြောင်းကို ပြောဆိုခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံသား ဖြစ်ရခြင်း အပေါ် ဂုဏ်ယူကြောင်း နှင့် အမိ တရုတ် နိုင်ငံတော်ကြီး နှင့် မကာအို ဒေသ အပေါ် ချစ်ခင် မြတ်နိုးသည့် အစဉ်အလာကို ထိန်းသိမ်းသွားရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြပါရှိသည်။(Xinhua)