Connect with us

Social

၁၄၅ နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ် ခေါင်းသစ် မြန်မာ့ စာတိုက် လုပ်ငန်း မှ ရောင်းချမည်

၁၄၅ နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ် ခေါင်းသစ်အား တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

၁၄၅  နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့ ( WORLD POST DAY ) အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ် ခေါင်းသစ်တစ်မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အောက်တို ဘာ ၉  ရက်တွင် တိုင်းဒေသကြီး/ ပြည်နယ် များရှိ လုပ်ငန်းပြည့် စာတိုက် အသီးသီးတွင် ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီးတို့၌ အောက်တိုဘာ ၉ ရက်တွင် ဝယ်ယူသော အထူးထုတ်စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် ( Firstday Cover ) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၁၄၅ နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ (WORLD POST DAY) အခမ်းအနား ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၂)၊ နေပြည်တော်တွင်လည်း အထိမ်းအမှတ် အထူးထုတ် ပထမနေ့စာအိတ် ( Firstday Cover ) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)