Connect with us

Social, Education & Health

အာရှပစိဖိတ်ဒေသ၏ ခရီးသွားဧည့်သည် အရင်းအမြစ် အများဆုံး နိုင်ငံအဖြစ် တရုတ်နိုင်ငံက ဆက်လက်တည်ရှိနေ 

ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၇  ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် အာရှပစိဖိတ်ဒေသ၏ ခရီးသွားဧည့်သည် အရင်းအမြစ် အများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုစနစ် နည်းပညာကုမ္ပဏီMastercard Incorporated၏ ယခုကာလများအတွင်း ထုတ်ပြန်သည့် စရင်းများအရ သိရသည်။အာရှပစိဖိတ်ဒေသ ထိပ်တန်းခရီးသွားနေရာ ၅ ခုဖြစ်သည့် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ တိုကျို၊ ဆိုးလ်မြို့များ သို့ ဝင်ရောက်သော ကမ္ဘာလှည့်ခရီးသွားများတွင် တရုတ်ခရီးသွားဧည့်သည်က အများဆုံးဖြစ်ကြောင်း သိရသည်။

Mastercard Incorporated၏ ၂၀၁၉ ခုနှစ် အာရှပစိဖိတ်ဒေသ ခရီးသွားနေရာ အညွှန်းကိန်း အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံကို ကျော်၍ အာရှပစိဖိတ်ဒေသ၏ ခရီးသွားဧည့်သည် အရင်းအမြစ် အများဆုံးနိုင်ငံနေရာကို ရောက်ရှိခဲ့ရာ ယနေ့ထိပင်ဖြစ်ကြောင်း သိရသည်။ အာရှပစိဖိတ်ဒေသ နေရာနှင့်မြို့ပေါင်း ၈၂ မြို့တွင်လည်း တရုတ်နိုင်ငံသည် ခရီးသွားဧည့်သည် အရင်းအမြစ်အများဆုံး ထိပ်တန်း သုံးခု အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117