ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးမြို့ရှိ ကျုံးတောင်ဘက်နှင့် အနောက်ဘက်တွင် ယခင်ကာရံထားသည့် အကာအရံများကို စတီးလက်ရန်းများဖြင့် အစားထိုးလဲလှယ်ကာရံခြင်းနှင့် လျှောက်လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ လုပ်ဆောင်နေပြီး လာမည့်မတ်လအတွင်းအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကီးအက်ဗ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ ပါလီမန်အနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် က ရဲတပ်ဖွဲ့ဝင်များ နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်ဖလား (AFC Cup) အုပ်စုဒုတိယမြောက် ပွဲစဉ်များ၌ မြန်မာကလပ်အသင်းများ နိုင်ပွဲ ကိုယ်စီရရှိထားကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ စစ်အခြေစိုက်စခန်း တစ်ခုတွင် ဖေဖော်ဝါရီလ ၂၇ ရက်က အမျိုးအမည်မသိ ပစ္စည်းများ ပါဝင်သော သံသယရှိဖွယ် စာအိတ် တစ်အိတ် ဖွင့်ဖောက်ခဲ့ပြီးနောက် လူ ၁၁ ဦး နာမကျန်းဖြစ်ခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်သည်။
မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာဇန်မြို့ တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုဖြစ်စဉ်တစ်ခု၌ အထူးရဲအရာရှိတစ်ဦး အား သတ်ခဲ့သည်ဟု သံသယရှိသော အမျိုးသားတစ်ဦးသည် ၎င်းအား ဖမ်းဆီးထိန်းသိမ်းရန် ရဲတပ်ဖွဲ့က ဆောင်ရွက်စဉ် သေကြောင်းကြံစည်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Porgera ခရိုင် အနောက်တောင်ဘက် ၁၁၁ ကီလိုမီတာအကွာတွင် ဖေဖော်ဝါရီလ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၂း၄၅း၄၄ နာရီက ၆.၀ ရစ်ချ်တာစကေးရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ အရှေ့တောင်ဘက် ဖုန်းသုန်း ကြိုးဝိုင်း အတွင်း တရားမဝင်သစ်များ ခိုးထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိ သဖြင့် သွားရောက် ဖမ်းဆီး ရှာဖွေရာ တရားမဝင်သစ်များ၊ သစ်ခွဲ စက်များနှင့်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊မတ်လ ပထမ( ၁၀) ရက်ပတ်နှင့်လပတ် မြစ်ရေကျဆင်းနိုင်မှု၊ မြင့်တက်နိုင်မှုအခြေအနေ များနှင့် ပတ်သက်၍ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု နှစ်ပတ်လည် အစည်းအဝေးများအတွက် သတင်းစင်တာကို ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်အား ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်) ထုတ်ပြန်လိုက်သည်။