Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် ပင်လောင်းမြို့တွင် ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံး

ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်တိမ်းမှောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-မြန်မာ့အလင်း)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောင်တရားမြို့ ပင်လောင်း-အောင်ပန်းကားလမ်း မိုင်တိုင် အမှတ်၂၉/၂ အနီး၌ ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာမှ လူ နှစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့မှ အောင်ပန်းမြို့သို့ မောင်းနှင်လာသည့်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အခြားယာဉ်တစ်စီးအား ဝင်ရောက်တိုက်မိရာ ယာဉ်ပေါ်ပါ လူနှစ်ဦးသည် ဒဏ်ရာပြင်းထန်ရသဖြင့် နောင်တရားတိုက်နယ် ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား နောင်တရား နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။(Xinhua)