Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ နေအိမ်ခုနှစ်လုံးမီးလောင်မှုဖြစ်ပွား

ဘူးသီးတောင်မြို့နယ်အတွင်း မီးလောင်နေသော နေအိမ်များကို မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ဘူးသီးတောင်မြို့အမှတ် (၁)အနောက်ရပ်ကွက်၌ ယနေ့နံနက်၂ နာရီ ၄၅မိနစ်က မီးလောင်မှုဖြစ်ပွား၍ နေအိမ်ခုနှစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမှတ် (၁)အနောက်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ မီးဖိုမီးကြွင်းမီးကျန်မှ တဆင့်အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘေးကပ်လျက်ရှိနေ အိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း နေအိမ် ၇ လုံးထိ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်း မီးလောင်မှုကြောင့် လူ၊တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း မီးဘေးဒဏ်သင့်ဒုက္ခသည် ၆၁ ဦးတို့အား ရပ်ကွက်ဆွေမျိုးများနေအိမ်၌ ခေတ္တနေထိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပေါ်စေခဲ့သည် နေအိမ်မှ(ငှားရမ်းနေထိုင်သူ) အမှတ်(၁)၊အနောက်ရပ်ကွက် နေမာမောက်ရော်ဟိန်းအား ဘူးသီးတောင်မြို့မရဲစခန်းမှ ပ-၂၆/၂၀၁၉၊ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)