နေပြည်တော်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ယာဉ်မတော်တဆမှုများကို ၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်မှန်းထား ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြောကြားသည်။
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ပခုက္ကူမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ ဇွန်၇ရက် နံနက်၄နာရီခန့်က ရွှေချောင်း ချောင်းရေ တိုက်စားမှုကြောင့် ပခုက္ကူမြို့၊ အမှတ် ၃ရပ်ကွက်တွင် လူနေအိမ် ၃လုံး မျောပါပြီး နေအိမ် အချို့ ရွှေ့ပြောင်း ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏...
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) သွားနှင့်ခံတွင်းဆိုင်ရာပညာရပ်များအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို လက်ရှိအခြေအနေအချိန်အခါနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည်သုံးသပ်၍ ခေတ်နှင့်အညီပြုပြင်မွမ်းမံသွားရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
အာဖဂန်နစ္စတန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်ရှိ ဗလီတစ်ခု တွင် ဝတ်ပြုသူများအား သေနတ်သမားများက ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၄ဦး သေဆုံးခဲ့ပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၇ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်မြို့နယ်တို့၌ လိုင်စင်(စိစစ်ဆဲ) ပိုင်ရှင်မဲ့ယာဉ် ၉ စီး သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၏ အနောက်မြောက်ဘက် (၁၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၅.၅၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၁၄ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...
လန်ဒန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် Theresa May က ဗြိတိန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား အရေး သဘောတူညီချက် ၏ “အတူတကွ ဘက်စုံဆောင်ရွက်မှု အစီအစဉ်” ကို ခိုင်မြဲစွာ လိုက်နာသွားမည်...
စင်ကာပူ၊ ဇွန် ၇ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan သည် မြောက်ကိုရီးယားနိုင်ငံ သို့ တရားဝင် ခရီးစဉ်တစ်ခု သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၆ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ရိုဘီ ၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကင်ညာ နိုင်ငံ အရှေ့ပိုင်း ကင်ညာ-ဆိုမာလီယာ နှစ်နိုင်ငံ နယ်စပ် ဒေသ တွင် ဇွန်လ ၆ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦး...
ဂွာတီမာလာစီးတီး၊ ဇွန် ၇ ရက် (ဆင်ဟွာ) ဂွာတီမာလာနိုင်ငံရှိ Fuego မီးတောင် ပေါက်ကွဲမှုမှ သေဆုံးသူအရေအတွက် မြင့်တက်လာကာ သေဆုံးသူရုပ်အလောင်း ၉၉ ခုကို ဇွန်လ ၆ ရက်က တွေ့ရှိခဲ့ကြောင်း ဂွာတီမာလာနိုင်ငံ အမျိုးသား မှှုခင်းသိပ္ပံလုပ်ငန်း (INACIF) ထံမှ သိရသည်။