Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဓာတုစက်ရုံတစ်ခု မီးလောင်မှုဖြစ်ပွား ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဧပြီ ၃ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဓာတုစက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဧပြီ ၂ ရက်က ဓာတုစက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့် စက်ရုံသည် အမေရိကန်နိုင်ငံ၏စတုတ္ထအကြီးဆုံးမြို့ ဟူစတန်၏ အရှေ့မြောက်ဘက် ၄၀ ကီလိုမီတာအကွာရှိ Crosbyမြို့တွင် တည်ရှိရာ ၎င်းစက်ရုံတွင် သိုလှောင် ထားသော ဓာတုပစ္စည်း Isobutene ယိုစိမ့်ရာမှ မီးလောင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း ဒေသခံရဲဘက်ဆိုင်ရာမှ လူမှုမီဒီယာမှတစ်ဆင့်ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အချင်းဖြစ်ပွားသည့် ဓာတုစက်ရုံမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားရာ စက်ရုံပတ်လည် ၁.၆ ကီလိုမီတာအတွင်းရှိသူများကို နေအိမ်အခန်းတွင်းမှာသာ နေထိုင်ရန် သတိပေးထားပြီး စက်ရုံသို့သွားရာလမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။ အရေးပေါ်လုပ်ငန်းများ ၅ နာရီကြာလုပ်ဆောင်ပြီးနောက် မီးကို ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိသက်ဆိုင်ရာဌာနများက အချင်းဖြစ်နေရာနှင့် ယင်းနေရာ အနီးတဝိုက်ရှိ လေထုအရည်အသွေးအား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

မတ် ၁၇ ရက်က ဟူစတန်မြို့အရှေ့တောင်ပိုင်း ရေနံဓာတုထုတ်ကုန် သိုလှောင်ရာအဆောက်အဦတွင် ရက်ဆက်မီးလောင်မှုဖြစ်ပွားရာ၊ လေထုညစ်ညမ်းမှုကြောင့် ကျောင်းများခေတ္တရပ်နားထားရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.