Connect with us

Europe

ဘူဂေးရီးယား နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထားကြောင်း ပြောကြား

ဘူဂေးရီးယား နိုင်ငံ သမ္မတ ရူမယ် ရာဒက်ဗ် ( Rumen Radev ) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုဖီယာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ဘူဂေးရီးယား နိုင်ငံ သမ္မတ ရူမန် ရာဒက်ဗ် ( Rumen Radev ) က ဧပြီ ၂ ရက် နေ့ ၌ ဘူဂေရီးယား နိုင်ငံ အနေဖြင့် ဘူဂေးရီးယား – တရုတ် နှစ်နိုင်ငံ ချစ်ကြည် ဆက်ဆံရေး နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာ အလေးထားကြောင်း ပြောကြား ခဲ့သည်။

ဘူဂေးရီးယား နိုင်ငံ သမ္မတ ရူမန် ရာဒက်ဗ် ထံ တရုတ် နိုင်ငံ သံအမတ်ကြီး တုန်ရှောင်ကျွင်း (Dong Xiaojun) က သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်စဉ် ဘူဂေးရီးယား နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် “ တရုတ်-ဗဟိုနှင့်အရှေ့ဥရောပ ပူးပေါင်းဆောင်ရွက်မှု” မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်လိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အခြေခံအဆောက်အဦ တည်ဆောက်မှု ၊ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံ စသည့် မဟာဗျူဟာမြောက် ကဏ္ဍများ ၊ ရင်းနှီးမြှုပ်နှံမှု ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၊ ခရီးသွား လုပ်ငန်း ၊ ယဉ်ကျေးမှု ၊ ပညာရေး နှင့် ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး တွင် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လိုကြောင်း သမ္မတ က ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး တုန်ရှောင်ကျွင်း က မိမိ အနေဖြင့် ဘူဂေးရီးယား နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် အရေးပါသော သဘောတူညီမှု များကို လက်တွေ့ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-ဘူဂေးရီးယား ဘက်စုံချစ်ကြည်မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.