Connect with us

Science & Technology

တရုတ်နိုင်ငံက ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးအား မေလတွင် ကျင်းပမည်

တရုတ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က ပြုလုပ်သော နည်းပညာပြပွဲတစ်ခုတွင် လေ့လာနေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးအား ဖူကျန့်ပြည်နယ် မြို့တော် ဖူကျိုးတွင် မေလ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်တွင် ပြုလုပ်သော နိုင်ငံတော်ကောင်စီ သတင်းအချက်အလက်ရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ် ဒီဂျစ်တယ် ထိပ်သီးအစည်းအဝေးသည် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ မူဝါဒများ ထုတ်ပြန်ရေး၊ တရုတ်နိုင်ငံ ဒီဂျစ်တယ် တည်ဆောက်ရာတွင် e-government နှင့် ဒီဂျစ်တယ် စီးပွားရေး အောင်မြင်မှုများ၊ အယူအဆဆိုင်ရာနှင့် လက်တွေ့ကျသော အတွေ့အကြုံများ ဖလှယ်မှု စသည်တို့အား ခင်းကျင်းပြသရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးအား တရုတ်နိုင်ငံ ဆိုက်ဘာစပေ့ စီမံအုပ်ချုပ်မှု၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ဖူကျန့် အစိုးရတို့ ပူးတွဲစီစဉ်ခြင်း ဖြစ်သည်။

ထို အစည်းအဝေးသို့ ဧည့်သည်ပေါင်း ၁,၅၀၀ ဝန်းကျင် ဖိတ်ကြားရန် စီစဉ်ထားကြောင်း၊ အစည်းအဝေး၌ တရုတ်နိုင်ငံ သိပ္ပံတက္ကသိုလ်နှင့် အင်ဂျင်နီယာ တက္ကသိုလ်မှ ပညာရှင်များ၊ ဒီဂျစ်တယ် နယ်ပယ်ရှိ ဦးဆောင်ကုမ္ပဏီများမှ ဧည့်သည်များ စုစုပေါင်း ၄၀ ကျော် တက်ရောက်ရန် အတည်ပြုထားကြောင်း ဖူကျန့်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ကျန်းကျိနန်က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၃၀၀ ဘီလီယံဝန်းကျင်ရှိ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ ပရောဂျက် ၄၀၀ ခန့် သဘောတူညီမှုရရှိခဲ့ကြောင်း၊ ယင်းအနက် ၂၀၀ နီးပါးမှာ တည်ဆောက်ရေးစတင်ခဲ့ပြီ ဖြစ်ကြောင်း ကျန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.