Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရန် ဥရောပသမဂ္ဂဘဏ်အနေဖြင့် ပိုမိုပြုပြင်ပြောင်းလဲမှုကိုဆန္ဒရှိ

လက်ဘနွန်နိုင်ငံရှိမြို့တစ်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဘေရွတ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ပြန်လည်တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးရေး ဥရောပသမဂ္ဂဘဏ် (EBRD) အနေဖြင့် ၂၀၁၉ ခုနှစ်တွင် လက်ဘနွန်နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများအရှိန်မြင့်လာရန် အလေးပေးဆောင်ရွက်သင့်ကြောင်း ဒေသခံသတင်းမီဒီယာတွင်ဖော်ပြခဲ့သည်။

EBRD ၏ ပထမဦးဆုံးဒုတိယဥက္ကဋ္ဌ ဖြစ်သူ Jurgen Rigterink က “ဒီနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် လက်ဘနွန်မှာ အရေးကြီးတဲ့ လိုအပ်ချက်တွေကို ချက်ချင်းပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်။ အထူးသဖြင့် ပြည်သူ့ငွေကြေးကဏ္ဍ နဲ့ လျှပ်စစ်ကဏ္ဍတွေဖြစ်တယ်’’ ဟု နိုင်ငံပိုင်သတင်းအေဂျင်စီမှ ၎င်း၏ ပြောစကားကိုဖော်ပြခဲ့သည်။

EBRD ဘဏ် နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ပူးတွဲ ဆောင်ရွက်မည့် စီမံကိန်းများ နှင့် ပတ်သက်၍ ဆွေးနွေးရန် Rigterink နှင့် လက်ဘနွန်နိုင်ငံဘဏ္ဍာရေးဝန်ကြီး အလီဟက်ဆန်ခလီလ် (Ali Hassan Khalil) တို့ပြုလုပ်သည့်အစည်းအဝေးတွင် Rigterink ကထိုသို့မှတ်ချက်များပြုခဲ့ခြင်းဖြစ်သည်။

“လက်ဘနွန်အစိုးရသစ်အနေနဲ့ ကျွန်တော်တို့ထင်ပါတယ်။ နိုင်ငံအနေနဲ့ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ’’ ဟု၎င်းကဆိုသည်။

ဘတ်ဂျက်မူကြမ်းအား ဝန်ကြီးများကောင်စီသို့ ပို့ပြီးနောက် မေလကုန်လောက်တွင် လွှတ်တော်၌ မဲပေးဆုံးဖြတ်ရန် Khalil ကမျှော်လင့်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.