ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ ရှိ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ ရုံးတွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဖားကန့်မြို့၌ အမြင့်(၁၅၀)ပေခန့်ရှိ မြေစာပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ(၂)ဦး ဒဏ်ရာရရှိခဲ့ကာ (၁)ဦး ပျောက်ဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကိုပင်ဟေဂင်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မြို့ အနောက်ဘက် ၇၀ကီလိုမီတာ အကွာ Holbaek မြို့အနီးတွင် အပေါ့စား လေယာဉ်တစ်စီး အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းက ပျက်ကျခဲ့ရာ အမျိုးသား ၂ဦး သေဆုံးကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) China Academy of Sciences နှင့် မြန်မာနိုင်ငံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ပထမဆုံး စတင် ဖွင့်လှစ်သည့် အပင်အမျိုးအစား ခွဲခြားခြင်းနှင့် သစ်တော စီမံခန့်ခွဲမှု (Plant Identification...
လန်ဒန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အနောက်တောင်ပိုင်း ရှိ ပါဆန်ဂရင်း မြေအောက်ဘူတာရုံအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် ဓားထိုးမှုကြောင့် လူ ၁ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း လန်ဒန်မြို့အရေးပေါ်ဋ္ဌာနက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ကလေးဝမြို့နယ်၌ Detonator (ဖောက်ခွဲရေးပစ္စည်း) အခု ၄၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုကြီး စည်းလုံးညီညွတ်ရန် ၊ ခိုင်မာရန် အထူး အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team –...
လစ္စဘွန်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် လတ်တလော ဖြစ်ပွားခဲ့သည့်တောမီးလောင်မှုများကြောင့် သေဆုံးသူ ဦးရေသည် ၃၆ဦးအထိမြင့်တက်လာပြီး သေဆုံးသူ ထပ်မံမြင့်တက်လာနိုင်မည်ဟု မျှော်လင့်ရကြောင်း အမျိုးသားပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (ANPC) က အောက်တိုဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံတက်ရောက်ရန် ကိုယ်စားလှယ်ပေါင်း အဖွဲ့ပေါင်း ၃၈ ဖွဲ့သည် ပေကျင်းမြို့သို့အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းထိ ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရသည်။