ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) အာဆီယံပါလီမန်များအထွေထွေညီလာခံဆိုင်ရာ အစည်းအဝေး (၁၄/၂၀၁၈) ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ ၁၄း၀၀ နာရီတွင် နေပြည်တော်၊ လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၊ အပေါ်ထပ်၊ လွှတ်တော် သင်ကြားရေးဗဟိုဌာန၊ အခန်းအမှတ် (၃) ၌ ကျင်းပခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သီပေါ မြို့ နှင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့တို့ တွင်အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝူဟန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ ယန်ဇီမြစ်ဖြတ်ရေကူးပြိုင်ပွဲတွင် ဆောင်းရာသီ ရေကူးအားကစားသမား ၁,၀၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး Wuxia ချောက်ကမ်းပါးနှင့် Xiling ချောက်ကမ်းပါးတို့ဆုံရာနေရာ၌ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP:_ Myanmar Sustainable Development Plan) အေင်မြင်စွာ အကောင်အထည်ဖော်ရေးအတွက် စောင့်ကြည့် အကဲဖြတ်နိုင်မည့် အမျိုးသား ညွှန်းကိန်း မူဘောင်များမှ ရရှိလာသည့် ပြည်သူတို့အတွက် အကျိုးရှိ...
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မှောင်မိုက်သည့် လမ်းဘေးတစ်နေရာတွင် ဆင်တစ်ကောင်အား ပစ်ကပ်ကားတစ်စီး ဝင်တိုက်မိသဖြင့် ယာဉ်မောင်းသူသေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်သတင်းများ၌ ဖော်ပြထားသည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံမှ အသက် ၁၇ နှစ်အရွယ် မိန်းကလေး Bandana Nepal သည် ၁၂၆ နာရီကြာ မရပ်မနားကခုန်ပြီး “တစ်ကိုယ်တော် မရပ်မနား အချိန်ကြာဆုံး ကခုန်ခြင်း” ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် ငွေကျပ်သိန်းပေါင်း ၁၀၅၀ တန်ဖိုးရှိသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၉ ရက်)နံနက်ပိုင်းက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် ကျင်းပခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းနှင့် မညီသော ဆိုင်များကို သမဝါယမအသင်း နည်းဥပဒေ ပုဒ်မ-၂၅ အရ ညွှန်ကြားရေးမှူးချုပ်သည် အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက...
ကဘူးလ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့ အရှေ့ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်၏ လေ့ကျင့်ရေးစင်တာ တစ်ခု၏ အပြင်ဘက်တွင် နိုဝင်ဘာ ၂၈ ရက်က အသေခံကားဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗုံးဖောက်ခွဲသူ တစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ သမ္မတ Frank-Walter Steinmeier သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဒီဇင်ဘာ ၅ရက်မှ ၁၀ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က နိုဝင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။...