Connect with us

Politics, Law & Military

အာဆီယံ နယ်စပ်ဖြတ်ကျော် မှုခင်းဆိုင်ရာ အစည်းအဝေး နေပြည်တော်တွင် ကျင်းပ

ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့် မိန့် ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

နယ်စပ်ဖြတ်ကျော် မှုခင်းများဆိုင်ရာ ၁၂ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးကို နေပြည် တော် MICC II တွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ အာဆီ ယံ နိုင်ငံများ၏ ပြည်ထဲရေး ဝန်ကြီးများ အစည်းအဝေးကို ယနေ့ စတင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဒုတိယ သမ္မတက “နိုင်ငံ ဖြတ်ကျော်မှုခင်းများဟာ အာဆီယံဒေသ သာမက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပြီး လူသား အားလုံးတို့အား ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေလျက် ရှိပါတယ်၊ အထူးသဖြင့် နှစ်နိုင်ငံ နယ်နိမိတ်များတစ်လျှောက် အုပ်စုဖွဲ့ မှုခင်းများသည် တိုးတက်လာသော နည်းပညာများကို အသုံးပြု၍ တရားမဝင် ငွေကြေးခဝါချခြင်း၊ လူမှောင်ခိုခြင်း၊ ဆိုက်ဘာ ပြစ်မှုများ ကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊ လက်နက်မှောင်ခိုခြင်း၊ တောရိုင်းတိရစ္ဆာန်နှင့် ရှားပါး မျိုးစိတ်များ ကုန်ကူးခြင်း၊ နျူ ကလီးယား အသုံးပြုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်း တို့ဖြင့် အစီအစဉ်တကျ ချိတ်ဆက်၍ နိုင်ငံတစ်ခုထက်ပိုသည့် ကွန်ယက်များဖြင့် ကျူးလွန်လျက်ရှိနေတာကို တွေ့ရှိကြရပါတယ်၊ ရာဇဝတ် ကောင်များရဲ့ အုပ်စုဖွဲ့ကျူးလွန်မှုများကြောင့်နိုင်ငံဖြတ်ကျော် မှုခင်း ကွန်ယက်များ ပိုမို တိုးတက် ဖြစ်ပေါ်လာပြီး အစိုးရများက နစ်နာသူများကို ထိရောက်စွာ ကာကွယ် စောင့််ရှောက်ပေးနိုင်ရန် အရေးတကြီး လိုအပ်လျက် ရှိပါတယ်၊ မှုခင်း ပြဿနာများကို မကာကွယ် နိုင်ရင် အစိုးရများဟာ ပြစ်မှု ကျူးလွန်ခြင်းခံရတဲ့ သားကောင်များသဖွယ် အားနည်း ချည့်နဲ့ နေမည် သာ ဖြစ်ပါတယ်၊ နိုင်ငံဖြတ် ကျော် မှုခင်းများဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ပိုမို ခြိမ်းခြောက်လာလျက် ရှိသဖြင့် ပြည်သူ့ဘ၀ လုံခြုံရေး၊ ကျန်းမာရေး၊ စီးပွားရေး တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးရေး လုပ် ငန်းကိုပါ ဆိုးရွားစွာ ပျက်စီးစေလျက် ရှိပါတယ်၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများဟာ လတ်တလော မြင်သာမှု၊ ဆုံးရှုံးမှု မရှိခြင်း ကြောင့် တိုင်တန်းမှု နည်းပါးခြင်း၊ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်း များကလည်း ချက်ချင်းသိရှိရန် မလွယ်ကူဘဲ အရေးယူ ဆောင်ရွက်ရာတွင်လည်း စွမ်းရည်နှင့် နည်း ပညာ လိုအပ်ချက်များ ၇ှိနေ ကြပါတယ်၊ ပြစ်မှု ပြဿနာများ ပေါ်ပေါက်လာပြီးမှသာ စုံစမ်း စစ်ဆေး ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ရသည့်အတွက် မလိုလားအပ်သည့် ရှုပ်ထွေးမှုများ၊ တရားစီရင်ရေး စနစ် ကန့်သတ်ချက်များ ကြောင့် နိုင်ငံများ အချင်းချင်း အငြင်းပွားမှုများကို ဖြစ်ပေါ်စေပါတယ်” ဟု ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေစဉ်။(ဆင်ဟွာ)

ယဉ်ကျေးမှု အက ပဒေသာများဖြင့် ဖျော်ဖြေစဉ်။(ဆင်ဟွာ)

ထို့အပြင် ၎င်းက “၂၀၂၅ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပြည်သူများရဲ့ လူမှု ဘ၀ တိုးတက်မှု၊ တရားမျှတမှု၊ အခြေခံ အခွင့်အရေးနဲ့ လုံခြုံ စိတ်ချရမှု၊ ကောင်းမွန်သည့် ပတ်ဝန်း ကျင် ရေရှည်တည်တံ့မှု၊ အာဆီယံနှင့် ပတ်သက်ပြီး ပိုမို သိမြင် နားလည် နိုင်မှု၊ ဖွံ့ဖြိုးမှုအဆင့် ကွာဟ မှုများ လျှော့ချမှု စတာတွေကို အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်၊ ဒီလိုဆောင်ရွက်ရာမှာ ဒေသတွင်း တိုးတက်ဖြစ်ပေါ်လာနေတဲ့ နိုင်ငံ ဖြတ်ကျော်မှုခင်း ပြသနာ များကို အာဆီယံရဲ့ စွမ်းပကား နဲ့ ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရေး၊ အဓိက လိုအပ်နေ တယ်လို့ ရှုမြင် သုံးသပ်မိပါတယ်” ဟုလည်း ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၄ ခုနှစ်မတ်လ ၃၁ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက် ရေး ဆိုင်ရာ ကွန်ဗင်းရှင်း (UNCTOC) နှင့် ဆက်စပ် နောက်ဆက်တွဲစာချုပ် protocol များ လက်မှတ် ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာကြောင်း၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေး ခဝါချမှု၊ Cyber မှုခင်းနှင့် အကြမ်းဖက်မှု စသည့် နယ်ပယ် ငါးရပ်ကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ ဦးစား ပေး တိုက်ဖျက်လျက်ရှိကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်မှု အောင်မြင်ရေး အတွက် ကျေပွန်ရမည့် တာဝန်များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်း ဆောင်ရွက်မှုအပြင် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အာဆီယံ၏ မူဘောင်များနှင့်အညီအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် အမြဲ အသင့် ရှိနေပါကြောင်းလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ၏ အဖွင့် မိန့်ခွန်းအပြီးတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အမှာစကား ပြောကြားခဲ့ကာ တက်ရောက်လာသော ဧည့်သည်တော်များအား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.