Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စွန့်လွှတ်သော စိုက်ပျိုးမြေ ဧက ၁၀၀၀ကျော် မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်

သပိတ်ကျင်းမြို့နယ်အတွင်း စွန့်လွှတ်သော စိုက်ပျိုးမြေ များ ပြန်လည်ပေးအပ်သော အခမ်းအနား(MOI)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း စွန့်လွှတ်သော စိုက်ပျိုးမြေ ဧက ၁၀၀၀ကျော်အား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အောက်တိုဘာ ၃၀ရက်တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်ခန်းမ၌ ကျင်းပသည့် သပိတ်ကျင်း မြို့နယ်အတွင်း ပြန်လည်စွန့်လွှတ်သော စိုက်ပျိုးမြေများ အား မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ကာကွယ် ရေးဝန်ကြီးဌာန အမှတ်(၁၁၆) ခြေမြန်တပ်ရင်းက ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ (၁၈၅၀)ဧကအနက် အမှန်စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ (၄၈၆ ဒသမ ၆၁)ဧက ကို တောင်သူ(၄၃)ဦးထံသို့ လည်းကောင်း၊ အမှတ်(၁၁၉) ခြေမြန်တပ်ရင်းက ပြန်လည် စွန့်လွှတ်သည့် မြေဧရိယာဧက(၂၅၀)အနက် အမှန်စိုက်ပျိုးလုပ်ကိုင်နိုင်မည့် မြေဧရိယာ (၂၀၇ ဒသမ ၄၅)ဧကကို တောင်သူ (၃၀)ဦးထံသို့လည်းကောင်း၊ အမှတ်(၄) ခြေလျင် တပ်ရင်းက ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာဧက(၄၉၀)အနက် အမှန်စိုက်ပျိုးလုပ်ကိုင် နိုင်မည့်မြေဧရိယာ (၄၁၃ ဒသမ ၅၃)ဧကကို တောင်သူ(၅၁)ဦးထံသို့ လည်းကောင်း၊ စုစုပေါင်းတောင်သူ (၁၂၄)ဦးလက်ဝယ်သို့ လယ်ယာမြေဧရိယာ (၁၁၀၇ ဒသမ ၅၉) ဧကကို ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များက ပြန်လည်စွန့်လွှတ်သည့် မြေဧရိယာ ဧက ၂၅၉၀ အနက်မှ ၁၁၀၇ ဒသမ ၅၉ ဧကကို လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည်စွန့်လွှတ်မြေ စုစုပေါင်း ၁၆၄၁၈ ဧကရှိပြီး ယင်းအနက်မှ စုစုပေါင်းမြေ ၆၆၈၈ ဧကကို မူလပိုင်ရှင် တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

လယ်သမားများအတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေသည် မိမိတို့ စိုက်ပျိုးရေးနိုင်ငံအတွက် ဖွံ့ဖြိုးရေးအင်အားစုကြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်သမားများ၏ ဘဝမျှော်လင့်ချက်နှင့်ရပ်တည်မှုဖြစ်သည့် လယ်ယာမြေများ ပြန်လည် လွှဲပြောင်းပေးနိုင်ရန် အစိုးရအနေဖြင့် အထူးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အလေး ထား ဆောင်ရွက်နေကြောင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည် စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူများထံသို့ ပြန်လည်ပေးအပ်ခဲ့သည့် အကြိမ်ရေ(၇)ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.