Connect with us

Politics, Law & Military

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီအဆင့်ဆင့်၏ အတွင်းရေးမှူးများ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

JMC အဆင့်ဆင့်၏ အတွင်းရေး မှူးများဒုတိယအကြိမ် အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေး မှူးများဒုတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၃၀ရက် ၉ နာရီခွဲကရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ကျင်းပခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများဒုတိယအကြိမ် အစည်းအဝေးကိုအောက်တိုဘာ ၃၀ မှ ၃၁ ရက်အထိ နှစ်ရက်ကြာကျင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ၊ တပ်မတော်သား ကိုယ်စားလှယ်များပါဝင်သည့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီအတွင်းရေးမှူး (၁၄) ဦးနှင့် အထောက်အကူပြုဝန်ထမ်းများပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် JMC အဆင်ဆင့်အတွင်းရေးမှူးများသည် အတွင်းရေးမှူးများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အတွင်းရှိ သည့် အရာများကို ဆုံးဖြတ်ဆောင်ရွက်နိုင်ပြီးဆောင်ရွက်၍ မရသည့် ကိစ္စများအား JMC-U အစည်းအဝေးသို့ ဆက်လက်တင်ပြ၍ သဘောထားမှတ်ချက်များရ ယူနိုင်ကြောင်းသိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အဆင့်ဆင့်အဖြစ် ပြည်ထောင်စုအဆင့် (JMC-U)ဟူ၍ ဖွဲ့စည်းထားပြီး JMC-U အောက်တွင်ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် (JMC-S)နှင့် ဒေသအဆင့် (JMC-L)ဟူ၍ ဖွဲ့စည်းထားသည်။

ပြည်နယ်နှင့်၊ တိုင်းဒေသကြီးအဆင့်(JMC-S) ကိုရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားပြီးဒေသအဆင့် (JMC-L)ကိုရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးနှင့် ကရင်ပြည်နယ်၊ ဖာပွန်တို့တွင် အသီးသီးဖွဲ့စည်းထားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေးမှူးများအစည်းအဝေးကို လေးလတစ်ကြိမ် ကျင်းပပြီးအတွင်းရေးမှူးများသည် သက်ဆိုင်ရာ ကော်မတီများ၏ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၊ ရုံးအဖွဲ့များ ကိုအနီး ကပ်ကြီးကြပ်မှုများပြုလုပ်ရခြင်း နှင့် တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ရခြင်း များပြုလုပ်ရကြောင်း အစည်းအဝေးမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.