ဒါကာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အဓိက လေဆိပ်ဖြစ်သည့် ဒါကာမြို့ လေဆိပ်တွင် အလေးချိန် ၁.၂ကီလိုဂရမ်ရှိသော ရွှေချောင်း ၁၂ချောင်းအား စအိုထဲ၌ ထည့်သွင်းဖွက်လာသည့် ပြည်ပမှ ဆိုက်ရောက်လာသော ခရီးသည်တစ်ဦးအား အကောက်ခွန်တာဝန်ရှိသူများက ဇန်နဝါရီ ၅ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ မလေးရှားနိုင်ငံမှ NGOs များ၏ သင်္ဘောအုပ်စု အနေဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမပြုမိစေရန် မလေးရှားနိုင်ငံ အစိုးရ အနေဖြင့် ထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်နေ့တွင်...
ဂျကာတာ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ Yogyakarta နှင့် အရှေ့ ဂျာဗားပြည်နယ်များတွင် လေပွေပြင်း တိုက်ခတ်မှုကြောင်း လူ ၂ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေနှင့် အခြေခံ အဆောက်အအုံ အသုံးအဆောင် ၃၀၀ နီးပါး...
ရှီချန်း၊ ဇန်နဝါရီ ၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမှတ် (၂) တယ်လီကွန်းနည်းပညာ စမ်းသပ် ဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံ၏ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ဇန်နဝါရီ ၅ရက် ညပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများ နှင့်ပတ်သက်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ပြုစုရေးသားရန် ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ လူဦးရေ ၂၀၀၀ကျော် ဖြစ်ပွားခဲ့ပြီး ၁၉ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ် – မြန်မာ ချစ်ကြည်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ချစ်ကြည်ရေး ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းခြင်းကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် အကုန်တွင် ကျောင်းဆောင်သစ် နှစ်ဆယ်ကျော် ဆောက်လုပ် ပြီးစီးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး...
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ရှိ ဘုရားများကို ငလျင်ဒဏ်ခံ နိုင်သည့် ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။
စစ်ကျားကျွမ်း ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ နှင်းတော မော်တော်ဆိုင်ကယ် စီးပြိုင်ပွဲ ကို ဟယ်ပိန် ပြည်နယ် ချိန်တယ် မြို့ ယွင်းကန်း အမဲလိုက် ကွင်းတွင် ကျင်းပ ခဲ့ပြီး တရုတ် နိုင်ငံ အနှံအပြားရှိ...
ဒူဘိုင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ခြင်္သေ့များနှင့် ကျားများကဲ့သို့ တောရိုင်း တိရစ္ဆာန်များအား ကိုယ်ပိုင် အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူခြင်းအား အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) က တရားဝင် ခွင့်ပြုမထားကြောင်း ဒေသခံ မီဒီယာက သတင်းရေးသားထားသည်။