Connect with us

Agriculture

ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော သဘာဝအခြေခံခရီးသွားနယ်မြေအဖြစ် ဖော်ဆောင်မည်

ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ တောရိုင်း တိရစ္ဆာန် ရှားပါး မျိုးစိတ်များ ကျက်စားရာ ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောကို သဘာဝ အခြေခံ ခရီးသွား နယ်မြေအဖြစ် ဖော်ဆောင်မည်‌ဖြစ်‌‌ကြောင်‌း သိရသည်။ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောတွင် ရှားပါးမျိုးစိတ် ကျား၊ ကျားသစ်၊ ဆင်၊ ဝက်ဝံ စသည့် ဇီဝမျိုးစိတ်များ ပေါများသည့် အပြင် မကြာသေးမီက ဟုမ္မလင်းမြို့နယ်၌ တွေ့ရှိသည့် အကြီးဆုံး ကျွန်းပင်တည်ရှိခြင်း၊ ငဖဲ လိုဏ်ဂူနှင့် ရှမ်းနီ၊ နာဂနှင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု များကို စုံလင်စွာ လေ့လာနိုင်သဖြင့် သဘာဝ အခြေခံ ခရီးသွားနယ်မြေ အဖြစ်သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၊ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် ဧရိယာအားဖြင့် ၅၃၁၄၅၆ ဧက ကျယ်ဝန်းကာ ၁၉၇၄ ခုနှစ်‌တွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ပြောင်၊ ဆင်၊ ကျား၊ ကျားသစ်၊ ဆတ်၊ တောဝက်၊ ချေ၊ ဝက်ဝံ၊ မျောက်နှင့် ငှက်မျိုးစိတ်များ နေထိုင် ကျက်စားရာနေရာ ဖြစ်‌ကြောင်း သိရသည်။

ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောသည် ဧကငါးသိန်းကျော် ကျယ်ဝန်းသဖြင့် တောရိုင်း တိရစ္ဆာန်များ ရှိရာနေရာကို ကန့်သတ် ဧရိယာများ သတ်မှတ်ကာ ဘေးမဲ့တောအတွင်း စခန်းချ နေထိုင်ခြင်း၊ ကနူးလှေများဖြင့် အပန်းဖြေ နိုင်ခြင်းနှင့် တိရစ္ဆာန်များ၏ နေထိုင်မှုကို လေ့လာခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်‌ကြောင်‌း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.